!unicode!
အအေးနန်းတော်ထဲတွင်ဖရိုဖရဲဖြစ်ကာ ပြောင်းလဲမှုတို့မြင့်တက်လာသည်ကိုမြင်လိုက်ရရင်း ကျင်းဖေးထုန်နှင့်ရှုလင်ကျားမှာအပြန်အလှန်ကြည့်ကာ အနောက်ကလိုက်သွားကြသည်။
သူ၏ချစ်သူကိုသတ်ဖြတ်ခဲ့သည့်အမျိုးသားမှစတင်လိုက်ရာ ယခုလေးတင်အိပ်မက်ဆိုးမိစ္ဆာတို့အဖြစ်ပြောင်းလဲသွားသည့်လူများမှာပတ်ပတ်လည်ပျံ့ကြဲသွားပြီး နန်းဆောင်ထဲတွင်လျှောက်ပြေးနေကြသည်။
လူတို့မှာအန္တရာယ်ကိုခပ်မြန်မြန်သဘောပေါက်သွားပြီး နန်းဆောင်တစ်ခုလုံးမှာချက်ချင်းပင်ဗြောင်းဆန်သွားကာ နန်းဆောင်ရှိလူများမှာကြောက်လန့်တကြားအော်ဟစ်ကာပြေးကြတော့သည်။
ကျင်းဖေးထုန်၏လျှပ်တပြက်အတွင်းရွှေ့ပြောင်းနိုင်စွမ်းမှာအလွန်ထူးချွန်သည်ဟုပြော၍ရပြီး သူကလူအုပ်ကိုဖြတ်၍ရှုလင်ကျားကိုသယ်သွားကာ သူ့ခန္ဓာကိုယ်ကိုလူတစ်ယောက်မျှမထိစေရပေ။
သူတို့သည်ရေခဲမှန်ထဲတွင်တတိယမင်းသားကိုမြင်ခဲ့ရသည့်လမ်းကြောင်းအတိုင်းလိုက်သွားကာ မကြာမီတွင်ယာကျိရှိသည့်နန်းဆောင်ကိုရှာတွေ့သွား၏။
ကျင်းဖေးထုန်အထဲခုန်ဝင်လိုက်ရာ နန်းဆောင်ထဲတွင်လူတစ်ဦးမျှရှိမနေပေမဲ့ စားပွဲပေါ်တွင်ထောင်ထားသည့်မှန်တစ်ချပ်ရှိနေသေးသည်ကိုမြင်လိုက်ရသည်။ရှုလင်ကျားပြောလိုက်သည်။
"အပြင်ထွက်ပြီးသွားရှာမနေနဲ့တော့၊ ခင်ဗျားကစွမ်းအင်ဖြုန်းတီးနေတာပဲ၊ ဒီမှာပဲစောင့်ကြမယ်။ ဘာပဲဖြစ်ဖြစ် ပုံရိပ်ယောင်အရဆိုရင် အမေနဲ့သားဆုံတဲ့နေရာကဒီနေရာပဲဖြစ်ရမယ်။"ကျင်းဖေးထုန်ကဆိုသည်။
"ကောင်းပြီ။"နှစ်ဦးသားမှာစောင့်ရသည့်အချိန်ကိုအခွင့်ကောင်းယူ၍ နန်းဆောင်တဝိုက်လျှောက်ပတ်ကာ အသုံးဝင်သောသဲလွန်စအချို့ရှာတွေ့ဖို့ရာမျှော်လင့်နေမိသည်။
သူတို့သည်နန်းဆောင်ဝင်ပေါက်ဝရှိကျောက်ခြေနင်းတုံးတို့ပေါ်ဖြတ်လျှောက်သွားချိန်တွင် လက်တစ်ဖက်တစ်ချက်စီတွင်ကလေးနှစ်ယောက်ကိုကိုင်ထားရင်း အလျင်စလိုထွက်လာကာ ခပ်သွက်သွက်ထွက်သွားဖို့ပြင်နေသည့်နန်းတွင်းအစေခံအမျိုးသမီးတစ်ဦးကိုမြင်လိုက်ကြရ၏။
YOU ARE READING
[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်
Historical FictionAuthor: ကျွေ့ယို့ဟောဖန် Total: 118Chapters+4Extras မိတ်ဆက်စာသား: "ဇာတ်ကြောင်းပြန်လည်ရေးသားပြီးသော် အဓိကဇာတ်ဆောင်ရောင်ဝါကားပြန်ရောက်လာခဲ့ပေ၏။" အဓိကဇာတ်ကောင်: ရှုလင်ကျား|| မင်းသား: ကျင်းဖေးထုန်။ This is just a fan translation. I translated this from C...