!unicode!
ဇုန်ဝူရှင်းကားကျောက်အဆောက်အအုံ၏အလယ်ဗဟိုရှိရေကန်တွင်ချိပ်ပိတ်ခံထားရခြင်းပင်။ ရေကန်၏မျက်နှာပြင်မှာထူးခြားသောရေခဲနှင့်ချိပ်ပိတ်ထားသဖြင့် ပတ်ဝန်းကျင်အပူချိန်မှာအလွန်နိမ့်သည်။
မှော်လက်နက်ရုပ်ထုများဖြင့်ဝန်းရံထားသည့်မရေတွက်နိုင်သောမှော်စက်ဝန်းတို့ရှိကာ တစ်ခုချင်းစီမှာလောကကြီးထဲရှိခွန်အားအကြီးဆုံးမိစ္ဆာဝိညာဥ်တို့ကိုဖိနှိပ်ရန်လုံလောက်သည်၊ ဤကျယ်ပြောသောကျောက်အဆောက်အအုံထဲတွင် မှော်စက်ဝန်း၁၈ခုရှိသည်။
ကျင်းဖေးထုန်မှာမိစ္ဆာအတွင်းစိတ်ရှိပေမဲ့ သူဟာမိစ္ဆာမဟုတ်ပေ၊ ထို့ကြောင့်သူအထဲဝင်လာချိန်တွင် မသိမသာလှုပ်ရှားလာသောမှော်လက်နက်များရှိသော်လည်း သူတို့ကသူ့ကိုတားမြစ်လာခြင်းမရှိပေ။
သို့သော် ၎င်းဟာလည်းဤနေရာရှိလက်နက်များဟာအလုပ်လုပ်သေးကြောင်းဖော်ပြလို့နေသည်။
ဆိုတော့ တံခါးကဘာလို့ပွင့်နေတာလဲ။
ကျင်းဖေးထုန်အထဲဆက်လျှောက်သွားပြီး သူ့လက်ထဲရှိမီးလုံးမှာလှုပ်ခါလို့နေကာ သူ့ပတ်လည်ရှိမတူညီကွဲပြားသောပုံသဏ္ဍန်များနှင့်မျက်နှာထားတို့ရှိသည့်ရုပ်ထုများ၏မျက်နှာပေါ်တွင်ရောင်ပြန်ဟပ်နေပုံမှာ တစ္ဆေများပမာ။
သို့ပေမဲ့ ဤသည်မှာကျင်းဖေးထုန်အတွက်ဘာမှမဟုတ်ပေ၊ ကြောက်မက်ဖွယ်အကောင်းဆုံးအရာကား သူ့ရှေ့ရှိမြင်ကွင်းမဟုတ်ဘဲ သူ့ပတ်ဝန်းကျင်ရှိသုသာန်ပမာတိတ်ဆိတ်မှုဖြစ်သည်။
လက်တွေ့အစစ်အမှန်၌ နေရာတစ်ခုမှာတကယ်တမ်းတိတ်ဆိတ်ရိုးမှန်ရင် ဤကဲ့သို့လုံးဝတိတ်ဆိတ်လိမ့်မည်မဟုတ်။
လူ့အသက်ရှုသံ၊ လေတိုက်သံ၊ သစ်ရွက်လှုပ်သံ၊ ရေထဲရှိရေလှိုင်းခတ်သံ.... ထိုကဲ့သို့သောအသံများဟာသေချာပေါက်တည်ရှိလိမ့်မည်၊ ၎င်းဟာလည်းတိတ်ဆိတ်မှုအရိပ်အယောင်ဆောင်ကျဥ်းလို့နေသည်။
သို့သော် ဒီနေရာကတော့ဖြင့်ကွဲပြားသည်၊ ဤနေရာရှိတိတ်ဆိတ်မှုမှာအလွန်စစ်မှန်လွန်းလှသဖြင့် အသံစိုးစဥ်းမျှပင်ရှိမနေပေ၊ ကျင်းဖေးထုန်ကိုယ်တိုင်၏အသက်ရှုသံနှင့်နှလုံးခုန်သံပင် မမြင်နိုင်သောတွင်းနက်ကြီး၏ဝါးမျိုးခြင်းခံလိုက်ရသယောင်။
DU LIEST GERADE
[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်
Historische RomaneAuthor: ကျွေ့ယို့ဟောဖန် Total: 118Chapters+4Extras မိတ်ဆက်စာသား: "ဇာတ်ကြောင်းပြန်လည်ရေးသားပြီးသော် အဓိကဇာတ်ဆောင်ရောင်ဝါကားပြန်ရောက်လာခဲ့ပေ၏။" အဓိကဇာတ်ကောင်: ရှုလင်ကျား|| မင်းသား: ကျင်းဖေးထုန်။ This is just a fan translation. I translated this from C...