!unicode!
ရှုလင်ကျားပြောမိသည်။
"ဒီကိစ္စကယင်းတိုင်းပြည်ရဲ့ကံကြမ္မာနဲ့တစ်ခုခုဆိုင်နေမလားမသိဘူး။"ကျင်းဖေးထုန်ကဆိုသည်။
"သူထွက်မလာနိုင်တာက ဧကရာဇ်ကနန်းစွန့်ချင်ပြီးတော့ သူ့ကိုထီးနန်းပေးချင်တယ်လို့ငိိုယိုအော်ဟစ်နေလို့လို့မင်းရဲ့ရှစ်တိပြောထားတာကိုကိုယ်မြင်လိုက်ရတယ်။ သူသာဘုန်းကြီးတစ်ပါးဆိုရင် အဲ့အချိန်တုန်းကတိုင်းပြည်ရဲ့ကံကြမ္မာကိုကြိုမြင်မှာပဲ၊ ဒါကကောင်းချီးပေးမှုလား၊ ကျိန်စာလားသူသိရမှာမဟုတ်ဘူး။"ထိုအကြောင်းတွေးမိရင်း ယင်းချန်ဟာလည်းကံမကောင်းလှ။ သူဟာသူ့ဘာသာသူကောင်းမွန်စွာနေနေရင်းဖြင့် ရုတ်တရက်ဂိုဏ်းကသူ့ကိုဂိုဏ်းချုပ်ဖြစ်စေချင်နေသည့်အပြင် တိုင်းပြည်ကလည်းသူ့ကိုဧကရာဇ်ဖြစ်စေချင်နေပြီး ၎င်းမှာသာမန်လူတို့မရနိုင်သည့်ကောင်းချီးတစ်ခုဖြစ်ပေမဲ့ သူ့အတွက်တော့ သေလောက်အောင်စိတ်ပျက်စရာကောင်းနေမှာစိုးသည်။
ကျင်းဖေးထုန်၏စကားများကိုနားထောင်ပြီးနောက် ရှုလင်ကျားတစိအောင့်မျှနှုတ်ဆိတ်နေမိပြီးမှ ဖြည်းညှင်းစွာပြောလိုက်သည်။
"တကယ်တော့ ဓားစမ်းသပ်ရေးညီလာခံလိုမျိုးအရေးကြီးတဲ့ညီလာခံမျိုးမှာယင်းချန်ကခွင့်တောင်းပြီးတော့ ယင်းတိုင်းပြည်ကိုသွားပြီးအခြေအနေသွားစစ်ဆေးတာကိုဟယ်ဇီကျိုးသဘောတူလိုက်တုန်းကကျွန်တော်အရမ်းအံ့သြသွားခဲ့တာ။"စားပွဲပေါ်ရှိယန်ချွန်းခေါက်ဆွဲမှာအနည်းငယ်အေးစက်လာပြီး ကျင်းဖေးထုန်ကလက်သုတ်ကာ လျှောက်သွားပြီး၎င်းကိုမကာ တူကိုင်၍သူ့ကိုကျွေးကာမေးလိုက်သည်။
"ဘာလို့လဲ၊ သူ့ပင်ကိုယ်စရိုက်နဲ့မကိုက်ညီလို့လား။"ရှုလင်ကျားမှာယင်းချန်၏စာပို့အဆောင်ကိုလက်ထဲတွင်ကိုင်ထားဆဲဖြစ်ပြီး တစ်စုံတစ်ခုရောက်လာသော် သူပါးစပ်ဟကာစားလိုက်မိသည်။
သူပြောလိုက်သည်။
"အဲ့ဒါကတော်တော်လေးမဆီလျော်တာ။ ရှင်းဇုန်ကဘယ်လိုလဲတော့ကျွန်တော်မသိဘူး။ ဘာပဲဖြစ်ဖြစ် ချီဇုန်ရဲ့စကားလုံးတွေကအမြဲတမ်းတစ်သမတ်တည်းပဲ၊ မသေမျိုးဂိုဏ်းထဲဝင်လာတာနဲ့ သေမျိုးဆက်ဆံရေးကိုဖြတ်တောက်ပစ်ရလိမ့်မယ်။ လူဟောင်းတွေနဲ့အဆက်အဆံအများကြီးရှိတာကမသင့်တော်ဘူး။ ဟယ်ဇီကျိုးကယင်းချန်ကိုဒီကိစ္စကိုင်တွယ်ခွင့်မပေးလောက်ဘူး၊ သူကဓားစမ်းသပ်ရေးညီလာခံမှာထိပ်တန်းအဆင့်ဖြစ်နေရင်ပြောမနေနဲ့တော့။ အဲ့ဒါကဂိုဏ်းအတွက်ဂုဏ်ကျက်သရေဆောင်ကျဥ်းဖို့အကောင်းဆုံးအချိန်ပဲလေ၊ လက်လျှော့အရှုံးပေးလိုက်တာကနှမြောစရာမကောင်းဘူးလား။"
YOU ARE READING
[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်
Historical FictionAuthor: ကျွေ့ယို့ဟောဖန် Total: 118Chapters+4Extras မိတ်ဆက်စာသား: "ဇာတ်ကြောင်းပြန်လည်ရေးသားပြီးသော် အဓိကဇာတ်ဆောင်ရောင်ဝါကားပြန်ရောက်လာခဲ့ပေ၏။" အဓိကဇာတ်ကောင်: ရှုလင်ကျား|| မင်းသား: ကျင်းဖေးထုန်။ This is just a fan translation. I translated this from C...