[၁၀၅] မန်ကျင်းဟွားခိုင်|မန္က်င္းဟြားခိုင္

2.4K 454 15
                                    

!unicode!

ချောင်ကျိသည်သူ၏တပ်သားများနှင့်အတူတစ်အောင့်ကြာလျှောက်လာရင်းပြီးနောက်ရပ်လိုက်ကာ ဆက်သွယ်ရေးအဆောင်မှတစ်ဆင့် ကျင့်ကြံသူများကိုမတိုက်ခိုက်ရန်၊ အရင်ဆုံးခုခံရာတွင်အာရုံစိုက်ထားရန်နှင့်သူပြန်အလာကိုစောင့်ရန်လူတိုင်းကိုပြောလိုက်သည်။

တစ်ချိန်တည်း၌ သူဟာအစောင့်တပ်ဖွဲ့များစွာကိုကိုယ်တိုင်ကိုယ်ကျစာသွားပို့စေသည်၊ အကြောင်းကား ဆက်သွယ်ရေးအဆောင်မှာပြဿနာတစ်ခုခုရှိနေသဖြင့် အခြားသူများကအချိန်မီမရမှာစိုးသောကြောင့်ပင်။

ဤအရေးကြီးကိစ္စပြီးသွားပြီးနောက် ချောင်ကျိအမိန့်ပေးလိုက်သည်။
"အားလုံးပဲ၊ ငါနဲ့အရမ်းကပ်မလိုက်ခဲ့နဲ့၊ အမွှေးတိုင်တစ်တိုင်စာစောင့်ပြီးမှလိုက်လာခဲ့ချည်။"

အခြားသူများမှာတစ်​​ယောက်ကိုတစ်ယောက်ဗလာနတ္ထိတုန်လှုပ်စွာကြည့်မိကြပြီး ဆဌမမင်းသားကဘာကြောင့်ရုတ်တရက်ဗလုံးဗထွေးပြောလာမှန်းမသိပေ၊ သူဝမ်းနည်းလွန်သွားခြင်းလားသူတို့နားမလည်ကြပေမဲ့ မတိုင်ခင်ကချောင်ကျိ၏အကြည့်ကြောင့် သူတို့ကသူ့ကိုသိပ်အများကြီးမစည်းရုံးရဲဘဲ အမိန့်နာခံရုံသာတတ်နိုင်သည်။

ချောင်ကျိမှာနောက်ဆုံးတွင်အစောင့်များကိုဖယ်ရှားလိုက်ပြီး မြေခွေးလေးကိုလက်မောင်းကြားထဲတွင်ကိုင်ထားကာ လမ်းတစ်လျှောက်အေးဆေးလျှောက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးရှင်းလင်းနေသည်ကိုမြင်လိုက်ရသော် သူ့ကိုသူ့ရှေ့တွင်မြှောက်ကိုင်ကာ အပြုံးတစ်ပွင့်ဖြင့်ပြောမိသည်။
"ညီတော်လေး၊ တကယ်မင်းလား။ မင်း....'ဆဌမအစ်ကိုတော်'လို့ခေါ်ပါအုံးလား။"

ရှုလင်ကျားမှာချောင်ကျိ၏မြှောက်ကိုင်ခြင်းခံထားရသဖြင့် သူ့အမြှီးကြီးမှာလေထဲတွင်လွှဲခါလို့နေပြီး သူ၏လက်ဖဝါးလေးနှစ်ဖက်မှာသူ့လက်ကိုစိတ်မလုံခြုံဖြစ်စွာလှမ်းဆွဲရုံသာတတ်နိုင်ကာ ကူကယ်ရာမဲ့စွာပြောမိသည်။
"ဆဌမအစ်ကိုတော်။"

ချောင်ကျိမှာအပျော်လွန်သွားကာ မနေနိုင်ဘဲသူ့ကိုလေထဲပစ်မြှောက်လိုက်ပြီး သူ့လက်ထဲတွင်ပြန်ဖမ်းလိုက်ပြန်ကာ ထပ်ခါတလဲလဲပြောမိသည်။
"ဟေ! ဟေး! သိပ်ချစ်ဖို့ကောင်းတာပဲ၊ ဟီးဟီးဟီး!"

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now