[၁၂၀] အချပ်ပို:ဆယ်ကျော်သက်အရွယ်(အပိုင်း-၂)

2.7K 299 0
                                    

!unicode!

သေရည်ကရားအလွတ်ဖြစ်ရင်တောင် တစ်ပါးသူ၏ခြံဝန်းထဲသာမန်ကာလျှံကာပစ်ပေါက်ခြင်းကားမှားယွင်းပေမဲ့ ကျင်းဖေးထုန်မှာတော့ဖြင့်မြေပြင်ပေါ်ကကြွေပဲ့များကိုကြည့်ကာ ဒီရက်တွေမှာသူ့ကိုမပျော်မရွှင်ဖြစ်စေသည့်ကျောက်တုံးကြီးတစ်ခါတည်းပြုတ်ကျသွားပြီဟုခံစားလိုက်ရသည်။

သူသည်သူ့ငယ်သားကိုထွက်သွားဖို့အချက်ပြလိုက်ပြီး အမိုးပေါ်ခုန်တက်ကာ ရှုလင်ကျားဘေးမှာထိုင်၍မေးလိုက်သည်။
"ဓားရေးမတိုက်ခိုက်တော့ဘူးပေါ့? မင်းဘာလို့ကိုယ်နဲ့သေရည်ပြိုင်သောက်ချင်တာလဲ။"

ထိုကဲ့သို့မေးခွန်းကသူ့ကိုရန်စလိုက်မိလိမ့်မည်ဟုသူမထင်ထားမိပေ။

ရှုလင်ကျားသူ့ကိုမျက်လုံးလှိမ့်ပြကာပြောမိသည်။
"ကျင်းရှစ်ရှုန်း၊ ကျွန်တော်အစ်ကို့ကိုဘာလို့အမြဲရိုက်ချင်နေလဲသိလား။"

ကျင်းဖေးထုန်တစ်အောင့်မျှနင်သွားရပြီး ရှုလင်ကျား၏ပါးပြင်တို့မသိမသာရဲနေကာ သူ့ဝင်လေထွက်လေမှာသေရည်အနံ့ရသည်ကိုသတိထားမိလိုက်သည်။ ခုနကအခွဲခံလိုက်ရသည့်သေရည်ကရားအလွတ်ကိုတွေးမိရင်း သူအကုန်သောက်ခဲ့မှာစိုးသည်။

ထို့ကြောင့်သူသည်းခံကာပြောလိုက်သည်။
"နားထောင်ကြည့်ရအောင်။"

ရှုလင်ကျားရိုးရှင်းစွာပြောလိုက်သည်။
"ဘာလို့လဲဆိုတော့အစ်ကိုကစိတ်ပျက်စရာကောင်းလို့ပဲ။"

ကျင်းဖေးထုန်: "....."

ရှုလင်ကျားပြောမိသည်။
"အစ်ကို့ကိုကြည့်လိုက်၊ အစ်ကို့စိတ်ထဲမှာမကောင်းတာတွေအပြည့်ပဲ၊ အစ်ကိုကအမြဲတမ်းအရာရာတိုင်းကိုစဥ်းစားနေတာ။ ဘာလို့အဲ့လောက်တွေးနေရတာလဲ။ ကျွန်တော်ကအစ်ကိုနဲ့အတူသောက်ချင်လို့ကျွန်တော်အစ်ကို့ဆီလာခဲ့တာ၊ ကျွန်တော်စိတ်ဝင်စားရင် ကျွန်တော်ဒီမှာရှိမယ်၊ အစ်ကိုတစ်ခုခုလုပ်ချင်ရင်လုပ်သာလုပ်လိုက်။ အများကြီးတွေးနေပြီး မလုပ်ဖြစ်တော့မပင်ပန်းဘူးလား။

ယင်းကားမှန်ကန်ပေမဲ့ လူတိုင်းကသူ့ကဲ့သို့ဖြူစင်ကာသန့်စင်သောဘဝမျိုးမှာမနေထိုင်နိုင်ကြပေ။

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now