[၇၉] ရန်ကျန့်ထောင်ကျူ|ရန္က်န့္ေထာင္က်ဴ

2.4K 413 4
                                    

!unicode!

ခန်းမတစ်ခုလုံးလူအပြည့်ဖြစ်သွားသော် လုကျန်းကထပ်ရပ်ကာဆိုသည်။
"လူတိုင်းပဲဒီကနေ့ဒီမှာစုဝေးရတာကဘာအတွက်မှန်းသိထားကြမှာပေါ့။ လုကလည်းမင်းတို့လာရောက်ပေးတဲ့အတွက်ကျေးဇူးတင်ချင်ပါတယ်။"

"မိစ္ဆာသားရဲတွေကဂိုဏ်းတွေကိုတိုက်ခိုက်ခဲ့ပြီးတော့ တပည့်ဂိုဏ်းသားတချို့ဆိုရင်အသတ်ခံရပြီးပျောက်ဆုံးသွားကြတာ၊ တော်တော်လေးဆိုးဝါးလွန်းတယ်။ ပြီးတော့ ကျုပ်ဂိုဏ်းရဲ့ဂိုဏ်းချုပ်ကလည်းပျောက်သွားတယ်ဆိုတော့ ဒီကိစ္စကိုဒီအတိုင်းလွှတ်ထားလို့မရဘူး။"

"ဒီတော့ဒီကနေ့မှာ ကျုပ်တို့ဂိုဏ်းတစ်ဂိုဏ်းချင်းစီကကျုပ်တို့သိထားတဲ့သတင်းအချက်အလက်ကိုဖလှယ်ကြပြီးရင် မိစ္ဆာတွေကိုရှင်းပစ်ပြီးလူတွေကိုကယ်တင်ဖို့ဆွေးနွေးပြီးတော့ အဲ့ဒီ့အဖမ်းခံလိုက်ရတဲ့ကျင့်ကြံသူတွေ မကြာခင်ပြန်လာနိုင်ပါစေလို့ကျုပ်လည်းမျှော်လင့်မိတယ်။"

လုကျန်းပြောသည်ကားအဓိပ္ပါယ်ရှိသဖြင့် လူတိုင်းသဘောတူညီစွာခေါင်းငြိမ့်မိကြသည်။

လင်ရှောင်းဂိုဏ်းသားများမှာဤသည်ကိုကြားလိုက်ရသော်အနည်းငယ်မသက်မသာဖြစ်သွားမိပြီး မနေနိုင်ဘဲလော်ရှောင်းကိုတစ်ချက်ကြည့်မိကြရာ သူကားထိုင်ခုံပေါ်တွင်မှီထိုင်လျက်သားဖြင့် သူ့မျက်လုံးမှာမှိတ်ထားပုံပေါ်ကာ သူ့တွင်တကယ်ဘဲစိုးရိမ်ပူပင်မှုစိုးစဥ်းမျှမရှိသည့်ပမာ သာမန်ကာလျှံကာနားထောင်နေသည်ကိုသာမြင်လိုက်ကြရသည်။

ဂိုဏ်းတစ်ဂိုဏ်းမှအကြီးအကဲကပြောလာသည်။
"လုအကြီးအကဲ၊ လက်ရှိပျောက်နေတဲ့လူတွေထဲမှာ ဟယ်ဂိုဏ်းချုပ်ကရာထူးအမြင့်ဆုံးနဲ့ကျင့်စဥ်အမြင့်ဆုံးပဲ။ သူထောင်ချောက်ဆင်ခံလိုက်ရတာနဲ့ပတ်သတ်ပြီး အကုန်လုံးစိတ်ပူနေကြတယ်။ မိစ္ဆာတွေရဲ့ခွန်အားကသန်မာလွန်းနေတာလား။ အဲ့အချိန်တုန်းကဘာဖြစ်ခဲ့လဲဆိုတာနဲ့ဘာရှာတွေ့ခဲ့လဲဆိုတာ ချီဇုန်ကအ သေးစိတ်ပြောပြနိုင်မလားကျုပ်သိချင်မိတယ်။"

လုကျန်းပြောလိုက်သည်။
"ကျောင်းဇစ်ဖန်း၊ ပြောပြလိုက်ချည်။"

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now