[၉၆] ရှို့ကျင်ဟွားကု|ရွို႔က်င္ဟြားကု

2.2K 415 3
                                    

!unicode!

သူဟာဒီပုန်ကန်သူနှစ်ယောက်ကိုသတ်ပစ်ကာ သာမန်လူတို့မထိခိုက်အောင်ကာကွယ်ပေးချင်သည်ဟုသူဆက်တိုက်ပြောနေပေမဲ့ သူတို့ချောက်နက်ထဲကျသွားသည်ကိုမြင်လိုက်ရသော် ထိုအခိုက်အတန့်မှာသူ့နှလုံးသားဗလာကျင်းသွားသည်ဟုဟယ်ဇီကျိုးခံစားလိုက်ရဆဲ။

သူကချောက်ကမ်းပါးအဖျားတွင်ရပ်ကာ ဗလာသက်သက်ငုံ့ကြည့်နေပြီး ချောက်နက်ထဲမှတိုက်ခတ်လာသည့်လေပြည်ကသူ့ဝတ်ရုံကိုလွင့်ခါသွားစေကာ သူ့ဆံပင်မှာအရိုင်းဆန်စွာကခုန်သွားသည်။

ရှုလင်ကျားထံမှချိပ်ပိတ်ခံလိုက်ရသည့်ယန်ယွီမှာသူ့ဘေးရှိမြေကြီးပေါ်မှာလဲကျနေဆဲဖြစ်ပြီး အခြားကျင့်ကြံသူများဟာလည်းပုံမှန်ပြန်ရောက်သွားပြီဖြစ်သည်။ ခုနကဒေါသနှင့်မုန်းတီးမှုကိုပြန်စဥ်းစားကြည့်မိရင်း ၎င်းမှာအိပ်မက်ဆိုးမိစ္ဆာပမာ ကိုယ်တိုင်ပင်မယုံကြည်နိုင်။

သူ့စိတ်ထဲမှာမိန်းမောနေဆဲဖြစ်ပေမဲ့ ဤအခိုက်အတန့်တွင် တစ်စုံတစ်ခုပြန်ဖြစ်လာကာ ပတ်ဝန်းကျင်မှာတစ်ခဏတာတိတ်ဆိတ်သွားပေသည်။

တစ်အောင့်ကြာသော် တပည့်ဂိုဏ်းသားအနည်းငယ်မှာအသိပြန်ဝင်လာကာ ဟယ်ဇီကျိုးကိုလာစည်းရုံးကြသည်။

သူတို့သည်ချောက်နက်ဘေးသို့သွားလိုက်သည်နှင့် သူတို့အပေါ်ဖိနှိပ်ထားသောအတွေးမိစ္ဆာတို့ကိုခံစားလိုက်ရကာ သူတို့ရင်ဘတ်တင်းကြပ်သွားရပြီး သွေးအန်ချင်လုနီးပါးဖြစ်သွားရသဖြင့် သူတို့၏ခန္ဓာကိုယ်ကိုကာကွယ်ရန်စိတ်ဝိညာဥ်စွမ်းအားခပ်မြန်မြန်သုံးလိုက်ရပြီး ထိုအခါမှသာသူတို့အနည်းငယ်ခံစားရပိုကောင်းသွားသည်။

ဂိုဏ်းသားတစ်ယောက်ကအဆင်မပြေမှုကိုတောင့်ခံကာ သေချာဂရုတစိုက်ပြောလာသည်။
"ဂိုဏ်းချုပ်၊ ရှစ်ရှုန်းနှစ်ယောက်ကဂိုဏ်းချုပ်စကားနားထောင်ဖို့ထက်စာရင်အသေခံသွားလိမ့်မယ်။ သူတို့ကအရမ်းခေါင်းမာလွန်းလို့ပဲ။ လူတိုင်းစိတ်မကောင်းဖြစ်..."

ဟယ်ဇီကျိုးကဒီတစ်ခေါက်ယန်ယွီနှင့်လော်ရှောင်း၏တည်နေရာကိုရှာဖွေရန်ရောက်လာခဲ့ခြင်းပင်။ သူနှင့်ရင်းနှီးသောသူတို့ကသူ့ကိုကူမဖုံးပေးစေရန်အလို့ငှာ လော်ရှောင်း၊ ရှုလင်ကျား၊ အခြားသူများနှင့်မရင်းနှီးသည့်လူအားလုံးကိုဒီခေါ်လာခဲ့ပြီး သူတို့ကချီးကျူးထိုက်သောလုပ်ရပ်ကိုလုပ်ဖို့ရာစိတ်အားထက်သန်နေကြသည်။

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now