!unicode!
ရှုလင်ကျားထိုသို့အကြိမ်ပေါင်းများစွာတွေးမိပေမဲ့ အခုတကယ်တမ်းကြားလိုက်ရသော် ကြောက်မက်ဖွယ်စိတ်ကူးယဉ်ဆန်မှုတစ်စွန်းတစ်စကိုခံစားလိုက်ရသည်။ သူ့လည်ချောင်းထဲတွင်တစ်ခုခုတစ်ဆို့နေသည့်အလားခံစားလိုက်ရကာ တိတ်ဆိတ်စွာဖြင့်လော်ရှောင်း၏လက်ဖဝါးနှင့်ဝတ်ရုံလက်ကိုမသိလိုက်မသိဘာသာလှမ်းဆုပ်ကိုင်လိုက်မိသည်။
လော်ရှောင်းကရှုလင်ကျား၏လက်ကိုထပ်လှုပ်ခါ၍ပြောလာသည်။
"ငါအရမ်းအံ့သြသွားတာ၊ အရင်ကဘာဖြစ်ခဲ့မှန်းငါမသိတာမို့ ငါတို့ညီအစ်ကိုနှစ်ယောက်နှစ်တွေအကြာကြီးအတူရှိနေခဲ့ပေမဲ့...."ထိုနှစ်များကလွဲမှားမှုနှင့်မှားယွင်းမှုတို့ကိုတွေးမိသွားကာ တစ်အောင့်မျှအလိုလိုတန့်သွားပေမဲ့ ပြန်လည်ပျော်ရွှင်သွားကာပြောလိုက်သည်။
"ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် မင်းရဲ့သရုပ်မှန်ကိုငါမမှားဘူးဆိုတာသေချာတယ်၊ အခုအစ်ကိုတော်ပြောတာကိုသေချာနားထောင်၊ ငါနောက်ထပ်ပြောတော့မဲ့အရာကအရမ်းအရေးကြီးတယ်။""ယန်ယွီကအငြိုးကြီးနေလို့ တစ်ဝက်ရူးနေပြီးသား။ သူကအစကဇုန်ဝူရှင်းကိုရှာပြီးတော့ သူ့အစွမ်းကိုအသုံးချပြီးဒီလောကကြီးထဲကလူတွေကိုအပြန်အလှန်သံသယဝင်ပြီးတော့အချင်းချင်းသတ်ဖြတ်စေချင်တာ၊ ဒါပေမဲ့ဇုန်ဝူရှင်းပျောက်နေတာကြာပြီဆိုတော့ သူနည်းလမ်းပြောင်းလိုက်ပြီ။"
လော်ရှောင်းကရှုလင်ကျား၏လွှတ်ကာ သူ့ပုခုံးပေါ်ပုတ်လျက်ပြောလာသည်။
"ငါ့အစီအစဥ်က အစကတော့သူနဲ့ပူးပေါင်းပြီးရင်သူ့ကိုရှင်းပစ်ဖို့နည်းလမ်းရှာချင်ခဲ့တာပဲ။ ဒါပေမဲ့အခုအချိန်မကျသေးတော့ ယန်ယွီကအတိတ်ကမိစ္ဆာကပ်ဘေးကိုတုပပြီး မိစ္ဆာတွေကိုအရင်ရှင်းပစ်ချင်နေတာ၊ မင်းဒီကအရင်ဆုံးထွက်သွားပြီး သျယ်ဟွေ့နဲ့အခြားသူတွေဆီပြန်သွားပြီးတော့ဆွေးနွေးလိုက်။"လော်ရှောင်း၏လေသံကမူမမှန်ဟုရှုလင်ကျားခံစားလိုက်ရကာ သူပိုနားထောင်လေလေ သူပိုမိုသံသယဝင်လာမိလေလေပင်။ သူ၏ရှုပ်ထွေးနေသောစိတ်ခံစားချက်များကိုဘေးပို့၍ မေးမိသည်။
"အစ်ကိုကကော?"
![](https://img.wattpad.com/cover/300645271-288-k145510.jpg)
YOU ARE READING
[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်
Historical FictionAuthor: ကျွေ့ယို့ဟောဖန် Total: 118Chapters+4Extras မိတ်ဆက်စာသား: "ဇာတ်ကြောင်းပြန်လည်ရေးသားပြီးသော် အဓိကဇာတ်ဆောင်ရောင်ဝါကားပြန်ရောက်လာခဲ့ပေ၏။" အဓိကဇာတ်ကောင်: ရှုလင်ကျား|| မင်းသား: ကျင်းဖေးထုန်။ This is just a fan translation. I translated this from C...