"ဒီအလောင်းက...ချင်းချိုးမျိုးနွယ်စုသခင်လေးအစစ်လား။"
(ဒုတိယပိုင်း).................................................................
သူမေးလိုက်သည်။
"ကျွန်တော့်အမေမေ့မြောနေတာက ဇုန်ဝူရှင်းနဲ့တစ်ခုခုများပတ်သတ်နေလို့လား။"ကျင်းဖေးထုန်ကဆိုသည်။
"အရင်တုန်းက ဇုန်ဝူရှင်းဟာကမ္ဘာကြီးကိုရှုပ်ထွေးအောင်လုပ်ခဲ့တယ်။ ကပ်ဘေးဒုက္ခ၇မျိုးပြီးတဲ့နောက်မှာ လက်ရှိလူတွေကအနည်းနဲ့အများမဆိုညစ်ညမ်းနေကြမှာပဲ။""ကိုယ်တို့သိထားတာက ဗုဒ္ဓဘာသာဝင်ဆရာသခင်ချန်ရှင်းနဲ့ ဟွမ်မျိုးနွယ်ကမသေမျိုးဧကရာဇ်ချင်းကျန်က သေခြင်းတရားကိုခံစားခဲ့ကြတယ်ဆိုတာပဲ။ သူတို့ကလွန်ခဲ့တဲ့နှစ်တစ်ရာတုန်းကသေဆုံးသွားကြတယ်။ မျိုးနွယ်စုခေါင်မင်ချီကချစ်ဒုက္ခကိုခံစားခဲ့ရပြီး နှစ်ပေါင်းများစွာပျောက်သွားခဲ့တယ်။ မင်းကိုပြန်ခေါ်လာပြီးနောက်မှာ သူမမေ့မြောသွားတော့တာပဲ။ အခုထိမနိုးလာသေးဘူး။"
ဒါကိုကြားလိုက်ရအပြီးတွင် ကျင်းဖေးထုန်ဒါကိုပြောလာသည့်အကြောင်းရင်းကို ရှုလင်ကျားရုတ်ခြည်းနားလည်သွားရသည်။
-----အစတုန်းက သွမ့်ဟောင်ရန်ဟာမိစ္ဆာတစ်ကောင်နှင့်လျို့ဝှက်ပူးပေါင်းကြံစည်ပြီး ဂိုဏ်း၏စည်းမျဥ်းများကိုချိုးဖောက်ခဲ့သဖြင့် သူဟာနေရာတိုင်း၌ရှင်းဇုန်၏အလိုရှိခြင်းခံနေရသည်ဟုဆိုကြ၏။ အခုကြည့်ရတာတော့ ထိုမိစ္ဆာကဇုန်ဝူရှင်းကိုရည်ညွှန်းတာဖြစ်ကောင်းဖြစ်နိုင်သည်။
ကိစ္စကတကယ်ပဲဒီလိုသာဆိုရင် သွမ့်ဟောင်ရန်ကအလွန်တရာရဲတင်းသည်ဟုပြော၍ရပြီး ထိုကဲ့သို့သောလူမျိုးကရန်စရဲပေရာ ရှင်းဇုန်ဒေါသထွက်သည်မှာမဆန်းပေ။
ကျင်းဖေးထုန်သည်ရှုလင်ကျားကိုကြည့်၍ထပ်ပြောလာ၏။
"အဲ့ဒီ့အချိန်တုန်းက ရှင်းဟွမ်ကအကြီးအကဲနှစ်ယောက်ရယ်၊ ဒေါသဂိုဏ်းချုပ်ဝူရှင်းရူနဲ့ ဗုဒ္ဓဂိုဏ်းသခင်ချင်းဟုန်ရယ်၊ ပြီးတော့ ချီဇုန်ဂိုဏ်းချုပ်ဟယ်ဇီကျိုးလည်းပါသေးတယ်။ သူတို့ကပျက်စီးသွားဖို့နဲ့အဝေးကြီးဆိုပေမဲ့ အနာဂတ်မှာဘာဖြစ်မလဲဆိုတာမသိနိုင်ဘူးလေ။"
YOU ARE READING
[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်
Historical FictionAuthor: ကျွေ့ယို့ဟောဖန် Total: 118Chapters+4Extras မိတ်ဆက်စာသား: "ဇာတ်ကြောင်းပြန်လည်ရေးသားပြီးသော် အဓိကဇာတ်ဆောင်ရောင်ဝါကားပြန်ရောက်လာခဲ့ပေ၏။" အဓိကဇာတ်ကောင်: ရှုလင်ကျား|| မင်းသား: ကျင်းဖေးထုန်။ This is just a fan translation. I translated this from C...