!unicode!
ရှုလင်ကျား၏ရုတ်တရက်ဆန်သောစကားလုံးများကယင်းလျန်နှင့်ကျင်းဖေးထုန်ကိုတောင့်တင်းသွားစေသည်။
ယင်းချန်မေးမိသည်။
"မင်းဘာကိုဆိုလိုတာလဲ။"စကားပြောလိုက်ရင်း သူနှင့်ကျင်းဖေးထုန်ကရှုလင်ကျားဘက်လျှောက်သွားပြီးပြီဖြစ်ကာ ရှုလင်ကျားကမြေပြင်ပေါ်ညွှန်ပြလာသည်။
"ကြည့်လိုက်။"မည်သူကအဆောင်စာရွက်ပြုတ်ကျခဲ့သနည်း၊ ၎င်းပေါ်တွင်ဝေဝေဝါးဝါးစာကြောင်းများရှိနေပြီး ၎င်းကားမိစ္ဆာစိတ်ဝိညာဥ်များကိုအစွဲချွတ်ပေးရာတွင်အသုံးအများဆုံးအဆောင်စာရွက်ဝါဖြစ်သည်။
အဆောင်စာရွက်တစ်ရွက်လုံးမှာပြီးပြည့်စုံပြီး ဖော်ပြချက်မှာမသုံးရသေးပေမဲ့ နဂိုအဝါရောင်နောက်ခံအရောင်မှာဖြူဖျော့ဖျော့မီးခိုးရောင်အဖြစ်ပြောင်းသွားပြီး ၎င်းပေါ်ရှိမှင်စာသားမှာအပြင်သို့ပျံ့နှံ့နေပုံမှာ တစ်စုံတစ်ခုကြောင့်အရည်ပျော်သွားသည့်အလား။
---ဤသည်ကားယင်ဓာတ်ကြောင့်တမြေ့မြေ့ပျက်စီးဆွေးမြေ့သွားခြင်းပင်။
ကျင်းဖေးထုန်မြေပြင်ပေါ်မှကောက်ယူကာ လက်ချောင်းများနှင့်တောက်ခါ၍ပြောလိုက်သည်။
"ဒီအဆောင်စာရွက်ပေါ်မှာမန္တာန်ကိုးကြောင်းရေးထားတယ်၊ ဒီဟာကိုဆွဲခဲ့တဲ့လူကသိသိသာသာကိုအားမနည်းဘူး။ အဆောင်စာရွက်တစ်ခုလုံးကဒီလောက်ထိမှုန်ဝါးပြီးပျောက်ပြယ်နေပြီဆိုတော့ မြေအောက်လောကထဲကယင်ဓာတ်အဆင့်ဖြစ်ရမယ်။"ရှုလင်ကျားပြောမိသည်။
"ဟုတ်တယ်၊ အစ်ကိုမြင်တဲ့အတိုင်းပဲ၊ ဒီနေရာကလူတွေကသေတာမကြာသေးတဲ့အပြင် သူတို့ကိုယ်ပေါ်မှာအလောင်းအစက်အပြက်တွေရှိနေတယ်၊ ပြီးတော့သူတို့ရဲ့ဝိညာဥ်တွေကလည်းအလောင်းကောင်အဖြစ်ပြောင်းသွားတယ်၊ ဒါကလည်းယန်ဓာတ်ရှိတဲ့သက်ရှိကမ္ဘာဆိုပေမဲ့ယင်ဓာတ်ကပိုများနေတယ်။""အရင်ကဒီဖြစ်နိုင်ချေကိုသံသယဝင်နေခဲ့တာ၊ အဆုံးမှာတော့ သာမန်အခြေအနေအောက်မှာ သက်ရှိလူတစ်ယောက်မှာဒီလိုထူထဲတဲ့ယင်ဓာတ်ရှိဖို့ဆိုတာမဖြစ်နိုင်ဘူးလေ။"
ESTÁS LEYENDO
[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်
Ficción históricaAuthor: ကျွေ့ယို့ဟောဖန် Total: 118Chapters+4Extras မိတ်ဆက်စာသား: "ဇာတ်ကြောင်းပြန်လည်ရေးသားပြီးသော် အဓိကဇာတ်ဆောင်ရောင်ဝါကားပြန်ရောက်လာခဲ့ပေ၏။" အဓိကဇာတ်ကောင်: ရှုလင်ကျား|| မင်းသား: ကျင်းဖေးထုန်။ This is just a fan translation. I translated this from C...