[၇၇] ရှားရှင်းကျန့်ယွီ|ရွားရွင္းက်န့္ယြီ

2.4K 407 5
                                    

!unicode!

လုကျန်းကိုဤကဲ့သို့မြင်လိုက်ရရင်း လော်ရှောင်းလည်းရယ်မောကာပြောလိုက်သည်။
"ကျေးဇူးအများကြီးတင်ပါတယ်ဗျာ၊ ကျွန်တော်ခင်ဗျားကိုတစ်ခွက်လောက်တိုက်ချင်ပါတယ်။"

သူပြောရင်းဖြင့် လုကျန်း၏ခွက်ကိုအသာထိကာ ရေနွေးကြမ်းတစ်ငုံသောက်လိုက်သည်။

ဤအခိုက်အတန့်တွင် လော်ရှောင်း၏သဘောထားနှင့်သူ့စကားလုံးတို့၏ထက်ရှမှုမှာ လုကျန်းအားတစ်မျိုးတစ်ဖုံအံ့အားသင့်သွားစေသည်။

လော်ရှောင်းရေနွေးကြမ်းသောက်တော့မည်ကိုမြင်လိုက်ရရင်း သူရုတ်ခြည်းလက်ဆန့်ကာ လော်ရှောင်း၏ညာလက်ကိုလက်ညှိုးထိုး၍အော်ပြောမိသည်။
"ခဏနေပါအုံး! ငါမင်းကိုမယုံရဲဘူး!"

လော်ရှောင်းချက်ချင်းနောက်ရို့လိုက်ရာ သူ့နောက်ရှိခေါင်းမှာစောင်းသွားပြီး ထိုင်ခုံခြေထောက်ကိုသုံး၍ စက်ဝိုင်းသဏ္ဍာန်တစ်ပတ်လှည့်လျက် လုကျန်း၏လှုပ်ရှားမှုများကိုအချိန်မီရှောင်လိုက်သည်။

လုကျန်းကလှောင်ပြုံးပြုံး၍ လက်ဖျောက်တီးလိုက်ရာ စွမ်းအားတစ်ခုပေါက်ထွက်လာပြီး လော်ရှောင်း၏ထိုင်ခုံကိုရိုက်ခတ်သွားသည်။

လော်ရှောင်းကကျွမ်းကျင်ပိုင်နိုင်စွာဖြင့်ငူ့ကိုယ်သူတည်မြဲအောင်လုပ်လိုက်ပြီး ထိုင်ခုံခြေထောက်၄ချောင်းမှာကြမ်းပြင်ပေါ်လဲကျသွားသည်။ လုကျန်းကသူ့ကိုခေါင်းချင်းဆိုင်ဖိအားပေးချင်ခြင်းဖြစ်ပြီး သူ့ကိုထိပ်တိုက်တိုက်ခိုက်လာသည်။

လော်ရှောင်းခေါင်းစောင်းကာ သူ့ကိုလက်ဝါးတစ်ဖက်ဖြင့်ရင်ဆိုင်လိုက်ရာ သူ့လက်ထဲရှိရေနွေးကြမ်းခွက်မှာကြမ်းပြင်ပေါ်ကျသွားပြီး တစစီကွဲသွားတော့သည်။

လော်ရှောင်းမှာလုကျန်းကိုရှောင်ရန်လှုပ်ရှားမှုပြုလုပ်လိုက်ရသည်ဖြစ်ရာ မတတ်သာစွာချောင်းဆိုးလာရသည်။

ဤတိုက်ချက်အတွင်းတွင် တစ်ဖက်လူ၏လှုပ်ရှားမှုများမှာထူးချွန်သာလွန်ပြီး သူ့အစွမ်းအစမှာသိပ်မဆိုးမှန်း လုကျန်းရှင်းလင်းစွာခံစားလိုက်ရပြီးဖြစ်သည်။ သူကားတပည့်ဂိုဏ်းသားခေါင်းဆောင်ရာထူးနှင့်သေချာပေါက်ထိုက်တန်လှပေသည်။ သူဟာအပြင်းအထန်နာမကျန်းဖြစ်နေသည်မှာလည်းအမှန်ဖြစ်သည်၊ သူသည်အချိန်အကြာကြီးတိုက်ခိုက်နိုင်ခြင်းမရှိ။

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Donde viven las historias. Descúbrelo ahora