[၁၁၁] ကျန့်အဲ့ယောင်ထျန်|က်န့္အဲ့ေယာင္ထ်န္

3K 425 6
                                        

!unicode!

သူတို့၏သားငယ်လေးအပေါ်အကြွေးများစွာတင်နေသည်ဟုခံစားနေရရင်း ကျားရွှမ်နှင့်မင်ချီမှာအစွမ်းကုန်ပြင်ဆင်ပေးချင်ကာ ရှုလင်ကျားကိုတရားဝင်ပြီးခမ်းနားကြီးကျယ််သောပုံရိပ်ပေးစွမ်းဖို့မျှော်လင့်နေမိကြသည်။

"စုစုပေါင်းစားသောက်ပွဲတော်၇ရက်ရှိလိမ့်မယ်၊ နေ့တိုင်းအကြံသစ်တွေရှိမယ်၊ ပြီးရင်လူတိုင်းကမင်းကိုသိသွားကြလိမ့်မယ်။"

ကျားရွှမ်ကအရင်ပြောလာသည်။
"အဖေစဥ်းစားပြီးပြီ။ ပထမရက်မှာ မင်းကမြေခွေးပုံစံနဲ့ပေါ်လာရမယ်။ အဲ့လိုဆိုရင် လူတိုင်းရင်းနှီးသွားကြမှာ။ အဖေရွှေနဲ့လုပ်ထားတဲ့ပန်းပုံစံလင်ဗန်းလုပ်ထားတယ်....."

ကျားရွှမ်ကရှုလင်ကျား၏အရွယ်အစားကိုလက်နှစ်ဖက်ဖြင့်ပုံဖော်ကာ ပြောလိုက်သည်။
"မင်းကအထဲမှာထိုင်နေ၊ အဖေကမင်းကိုခေါ်ထုတ်လာမယ်...."

ရှုလင်ကျားကြက်သေသေသွားရကာ တွေးမိသည်။
"....အဖေဘာလုပ်နေတာလဲ။ အသီးအရွက်ထည့်နေတာလား။"

မင်ချီကသူ့ဘေးမှနေ၍စိတ်လှုပ်ရှားစွာဝင်ပြောလာသည်။
"အဲ့အချိန်ကျရင် အမေကသားကိုအဝတ်အစားဆင်ပေးမယ်၊ အလှဆီလိမ်းပေးမယ်၊ ပန်းပွင့်လေးတွေပန်ပေးပြီးတော့ ခေါင်းနဲ့အမြှီးမှာပန်းလေးတွေကျစ်ပေးမယ်၊ လူတိုင်းကငါ့သားကိုကောင်းကောင်းကြီးသိသွားစေရမယ်! သားငယ်ငယ်တုန်းက အမေသားကိုဒီလိုမျိုးဆင်ပေးပြီး အပြင်ထွက်ကစားပေးနေကျလေ၊ လူတိုင်းကသားကိုချစ်စရာကောင်းလိုက်တာဆိုပြီးချီးကျူးခဲ့ကြတာ!"

ရှုလင်ကျား:"...."

အဲ့ဒါမကောင်းဆိုးဝါးပဲ၊ ဟုတ်တာပေါ့၊ ချစ်စရာကောင်းတာကကောင်းတဲ့စကားလုံးမဟုတ်ဘူး။

အဓိကအချက်မှာဒီလူနှစ်ယောက်ကဘာမှမှားယွင်းသည်ဟုတကယ်မခံစားရဘဲ အပြန်အလှန်စကားပြောရင်းအလွန်စိတ်လှုပ်ရှားနေကြခြင်းပင်။

ကျားရွှမ်ကပြောလာသည်။
"နောက်၈ရက်မှာ သူတို့တွေကမြေခွေးပုံစံဖြစ်နေလိမ့်မယ်၊ ဒါဆိုမျိုးနွယ်စုထဲကလူတိုင်းကသူတို့မျက်နှာကိုမှတ်မိသွားကြလိမ့်မယ်။ ကျားအာ၊ အဲ့အခါကျရင်မင်းဘယ်လိုထွက်လာမလဲ။ ဒါမှမဟုတ် အဖေ လင်ဗန်းအစားဝေါယာဥ်လုပ်ပြီး မတူညီတဲ့အရောင်၆မျိုးလုပ်...."

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Donde viven las historias. Descúbrelo ahora