!unicode!
ဟယ်ဇီကျိုးကဆိုသည်။
"ကိစ္စကဒီလိုဆိုမှတော့ ကျန်းအကြီးအကဲရဲ့မကြာသေးခင်ကရုပ်ပိုင်းဆိုင်ရာနေထိုင်မကောင်းဖြစ်ရတဲ့အကြောင်းရင်းကိုစုံစမ်းစစ်ဆေးသင့်တယ်၊ အခြားကိစ္စတွေနဲ့ရှုပ်ဖို့မလိုဘူး။ ဒီနေရာကလင်ရှောင်းဂိုဏ်းမဟုတ်ဘူး၊ ဆူညံဆူညံလုပ်နေတာဘာအပြုအမူလဲ။"ကျန်းခဲ့မပြောဘဲမနေနိုင်ပေ။
"ဂိုဏ်းချုပ်၊ ရှုလင်ကျားကဂိုဏ်းချုပ်ရဲ့တိုက်ရိုက်တပည့်ဖြစ်ပြီးတော့ ဂိုဏ်းချုပ်ကိုယ်တိုင်သူ့ကိုတောင်ပေါ်ခေါ်လာတာမို့ သူ့ကိုအမြဲတမ်းကာကွယ်ပေးနေခဲ့တယ်။ ဒါပေမဲ့ဂိုဏ်းချုပ်ဒီကိစ္စကိုဖုံးပေးလို့မရဘူးလေ! အဲ့ဒီ့တုန်းကကျွန်တော့်အဖိုးရဲ့အခြေအနေကိုထောက်ပြီးတော့ သူပြန်မလာချင်ရင်တောင်မှ သူအရင်ဆုံးလက်ခံပြီးတော့ နှစ်သိမ့်စကားနည်းနည်းပါးပါးပြောခဲ့သင့်တယ်။ အဲ့ဒါကအလိမ်အညာဆိုရင်တောင်မှ ကျွန်တော့်အဖိုးအေးအေးချမ်းချမ်းနဲ့ပြန်ကောင်းလာနိုင်တယ်။'ထိုအခါရှုလင်ကျားအေးစက်စက်ပြောမိသည်။
"ငါလိမ်မပြောတတ်ဘူး။"တကယ်တမ်းတွင် သူသည်ကျန်းအကြီးအကဲအားသဘောမကျရင်တောင် တစ်ဖက်လူဟာလည်း သူငယ်ငယ်လေးကတည်းကသူ့ကိုကြည့်ရှုပေးခဲ့ရင်းကြီးရင့်လာခဲ့သောအကြီးအကဲဖြစ်ပေ၏။ ပင်ကိုယ်အားဖြင့်ရှုလင်ကျားထိုကဲ့သို့ရလဒ်ကိုမမြင်ချင်ပေ။ ကျန်းအကြီးအကဲဆုံးပါးသွားကြောင်းသိလိုက်ရချိန်တွင် သူထိတ်လန့်အံ့သြသွားခဲ့သည်။
သို့သော် သိပ်မကြာခင်တွင် ကျန်းရွေ့ကအပြေးအလွှားရောက်လာကာ သူ့ဘေးရှိကျန်းခဲ့၏ဒေါသအားလှုံ့ဆော်ခဲ့သည်။ ရှုလင်ကျားသည်ဒီပုံစံနှင့်အလွန်ရင်းနှီးပြီးသားဖြစ်ရာ သူ့ရင်ထဲတွင်ထိုအကြောင်းခန့်မှန်းချက်တချို့ရှိနေသည်။
ဤအချိန်တွင် သူဟာကျင်းဖေးထုန်နှင့်အကြည့်ချင်းဖလှယ်လိုက်သည်။ ဖြစ်စဥ်တစ်ခုလုံး၏အများစုကိုသူအခြေခံအားဖြင့်သိလိုက်ရသည်။ ဒီတစ်ခေါက် တစ်ဖက်လူကသူ၏သေလုဆဲဆဲရုန်းကန်လှုပ်ရှားမှုကို နည်းလမ်းဘယ်လောက်များများသုံးနိုင်မလဲဆိုသည်ကိုသူမြင်ချင်မိသည်။
YOU ARE READING
[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်
Historical FictionAuthor: ကျွေ့ယို့ဟောဖန် Total: 118Chapters+4Extras မိတ်ဆက်စာသား: "ဇာတ်ကြောင်းပြန်လည်ရေးသားပြီးသော် အဓိကဇာတ်ဆောင်ရောင်ဝါကားပြန်ရောက်လာခဲ့ပေ၏။" အဓိကဇာတ်ကောင်: ရှုလင်ကျား|| မင်းသား: ကျင်းဖေးထုန်။ This is just a fan translation. I translated this from C...