!unicode!
ချင်းချိုးနှင့်ပြင်ပလောကတို့၏လမ်းဆုံတွင် မဖြစ်ထွန်းသောနယ်မြေတစ်ခုရှိသည်။ ထိုနေရာတွင်ပုံမှန်အားဖြင့်နေထိုင်သူအနည်းစုသာရှိသည်မို့ စီးပွားရေးသမားများသိပ်မရှိကြပေ။ မိုင်၅၀အကွာအဝေးအတွင်းတွင် တည်းခိုဆောင်တစ်ခုသာလျှင်ရှိ၏။
သို့သော်ဤအချိန်တွင် ဆိုးဝါးသောရာသီဥတုကြောင့် နေ့ဘက်တွင်မိုးသည်းထန်စွာရွာသွန်းကာ ညဘက်တွင်ရပ်တန့်သွားခြင်းမရှိဘဲ မြေပြင်ပေါ်ရှိရေမှာခြေသလုံးထိရောက်တော့မည်ပင်၊ ထို့ကြောင့် ကြုံတောင့်ကြုံခဲဖြစ်စွာဖြင့် လမ်းသွားလမ်းလာအများစုဟာဤတည်းခိုဆောင်ရှေ့တွင်ရပ်မိကြသည်။
နန်ဇီတောင်ထွတ်မှပြန်လာသည့်မြေခွေးမျိုးနွယ်စုဟာလည်းဒီရောက်လာသည်။
မင်ချီ၏ပင်ကိုယ်စရိုက်နှင့်ဆိုလျှင် သူမဟာသဘာဝကျကျပင်မိုးရေထဲတွင်ခရီးထွက်ဖို့ရာငြင်းဆန်လိမ့်မည်ပင်။ ချန်နဥ်ကတည်းခိုဆောင်ထဲဝင်သွားပြီးနောက် သူဟာကောင်တာပေါ်သို့ရွှေချောင်းတစ်ချောင်းတင်ကာပြောလိုက်သည်။
"သူဌေး၊ ကျွန်တော်တို့အကုန်လုံးအတွက်စီစဥ်ပေးပါအုံး။"သူတို့အုပ်စုသည်မိုးရေထဲမှလာခဲ့သော်လည်း လုံးဝရေစိုခြင်းမရှိပေ၊ သူတို့ဟာသာမန်ထက်ထူးကဲပုံပေါ်ပြီး ပထမဆုံးအကြည့်တစ်ချက်တည်းဖြင့်သူတို့ဟာသာမန်လူတို့မဟုတ်မှန်းသိနိုင်သည်။
ဆိုင်ရှင်မှာချင်းချိုးအနီးတွင်နေထိုင်ပြီး ဗဟုသုတအချို့ရှိပေရာ သူတို့ကိုအတိုက်အခံမလုပ်ရဲဘဲ ဂရုစိုက်သောလေသံဖြင့်ပြောမိသည်။
"ဧည့်သည်၊ ကျုပ်အားနာပါတယ်၊ ဒီနေ့ရာသီဥတုကတော်တော်လေးဆိုးဝါးနေတော့ ဧည့်သည်တွေအရမ်းများနေတာမို့ အခန်းလွတ်နှစ်ခန်းပဲကျန်ပါတော့တယ်။ နေရာတချို့ရှိသေးပေမဲ့ မင်းတို့နေနိုင်ပါ့မလား။"ချန်နဥ်အနည်းငယ်တုံ့ဆိုင်းသွားမိပေမဲ့ မင်ချီကပြောလိုက်ပြီးဖြစ်သည်။
"မင်းဘာလုပ်မလို့လဲ၊ ဧည့်သည့်ခန်းကိုမသွားနဲ့၊ အခန်းလွတ်နှစ်ခန်းကလုံလောက်ပြီ၊ မြန်မြန်သွားသန့်ရှင်းရေးလုပ်ချည်၊ ရေပူနဲ့အိပ်ရာခင်းအသစ်ပြင်ဆင်ပြီး အခန်းထဲမှာအနံ့ကောင်းတဲ့အမွှေးနံ့သာထွန်းပေးပြီးတော့ ချိုးရေထဲကိုပွင့်ဖတ်တွေထည့်ပေးဖို့မမေ့နဲ့။ ဒါနဲ့စကားမစပ်....ထိုင်စရာအခင်းလည်းကျွန်မဝယ်မယ်။"
BẠN ĐANG ĐỌC
[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်
Tiểu thuyết Lịch sửAuthor: ကျွေ့ယို့ဟောဖန် Total: 118Chapters+4Extras မိတ်ဆက်စာသား: "ဇာတ်ကြောင်းပြန်လည်ရေးသားပြီးသော် အဓိကဇာတ်ဆောင်ရောင်ဝါကားပြန်ရောက်လာခဲ့ပေ၏။" အဓိကဇာတ်ကောင်: ရှုလင်ကျား|| မင်းသား: ကျင်းဖေးထုန်။ This is just a fan translation. I translated this from C...