!unicode!
သျယ်ဟွေ့၏ဒေါသအောက်တွင် သူ့မှာထိုကန်ချက်အပြီးတွင်အာခံဖို့ရာခွန်အားမရှိတော့ဘဲ ကျန့်ရွှမ်းမှာတစ်အောင့်ကြာထမရပေ၊ ကျူးကျင်မှာလွတ်မြောက်ချင်ပြီး သူကားအလွန်ထက်မြက်လှပေရာ မြေပြင်ပေါ်ချက်ချင်းဒူးထောက်ချကာ ခပ်မြန်မြန်ပြောမိသည်။
"အရှင့်သား၊ ကျွန်တော်တို့ရဲ့အပြစ်ကိုခွင့်လွှတ်ပေးပါ၊ ကျွန်တော်တို့ကသတ္တမမင်းသားနဲ့အပျော်ဆော့ချင်ရုံပါပဲ။"သူကပြောရင်းရှုလင်ကျားကိုကန်တော့ကာ သူ့ကိုရိုးသားစွာကြည့်၍ပြောလိုက်သည်။
"အရှင့်သား၊ ကျွန်တော်တောင်းပန်ပါတယ်။ ခုန...ခုနက ကျွန်တော်တို့အတူကစားခဲ့ကြတယ်၊ အရှင့်သားမှာလည်းအချိန်ကောင်းရှိခဲ့တယ်မလား။"ရှုလင်ကျားလန့်သွားပြီး ခြေနှစ်လှမ်းနောက်ဆုတ်လိုက်မိကာ သူ့အစ်ကိုတော်နှစ်ယောက်ကိုမိန်းမောစွာလှည့်ကြည့်လိုက်မိပြီးနောက် ကျန့်ရွှမ်းနှင့်ကျူးကျင်ကိုကြည့်ကာ ဒီလူနှစ်ယောက်ဘာလို့ဒူးထောက်နေမှန်းသူနားမလည်ရင်တောင်မှ သူ့အစ်ကိုတော်ဒေါသထွက်နေသည်ကိုမြင်နိုင်ပေသည်။
သူ့အစ်ကိုတော်ကိုဒေါသထွက်စေခြင်းကား ဒီလူနှစ်ယောက်ဟာမကောင်းသောလူများဖြစ်ကြောင်းပြသလျက်ရှိသည်။
ချန်ဟုန်ခပ်သွက်သွက်လျှောက်သွားကာ ရှုလင်ကျားကိုကောက်ချီ၍ သူ့ကိုယ်ပေါ်ကရွှံ့များကိုလျစ်လျူရှုလျက် ရှုလင်ကျား၏အမွှေးများကိုသူ့ဝတ်ရုံလက်နှင့်သုတ်ပေးကာ မျက်မှောင်ကြုတ်မိပြီး အလွန်စိတ်သောကရောက်နေမိသည်။
ညီတော်လေးကစတုတ္ထအစ်ကိုတော်ထံမှအမြဲတမ်းဂရုစိုက်ခံခဲ့ရသည်။ ခုနကကျန့်ရွှမ်းကသူ့ကိုကန်လိုက်သည်ကိုသူနှင့်သျယ်ဟွေ့ခပ်လှမ်းလှမ်းမြင်ခဲ့ရသည်။ သူကားညစ်ပတ်ပေပွလျက်ရှိသည်။ ၎င်းမှာဟိုအရူးနှစ်ကောင်ကသူ့ကိုရွှံ့အိုင်ထဲကန်ပစ်လိုက်သောကြောင့်ဖြစ်လောက်မည်။
ထိုသို့စိတ်ကူးမိရင်း ချန်ဟုန်၏နှလုံးသားမှာကြေကွဲသွားရသည်။
သူကားငယ်စဥ်ကတည်းကဉာဏ်ကောင်းထက်မြက်သောစိတ်ဓာတ်ရှိခဲ့ပြီး ညီအစ်ကိုများအနက် သူဟာလော်ရှောင်းနှင့်တန်းတူညီသည်။ ကျန့်ရွှမ်းက"ခရုဖမ်း"ဖို့ပြောလိုက်သည်ကိုစဥ်းစားမိရင်း ရှုလင်ကျား၏ညစ်ပတ်ကာသစ်ရွက်တို့ပေကျံနေသည့်ပုံပန်းသွင်ပြင်ကိုမြင်လိုက်ရရင်း ချန်ဟုန်မှာဘာဖြစ်သွားမှန်းရှာတွေ့သွားလုနီးပါးပင်။
YOU ARE READING
[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်
Historical FictionAuthor: ကျွေ့ယို့ဟောဖန် Total: 118Chapters+4Extras မိတ်ဆက်စာသား: "ဇာတ်ကြောင်းပြန်လည်ရေးသားပြီးသော် အဓိကဇာတ်ဆောင်ရောင်ဝါကားပြန်ရောက်လာခဲ့ပေ၏။" အဓိကဇာတ်ကောင်: ရှုလင်ကျား|| မင်းသား: ကျင်းဖေးထုန်။ This is just a fan translation. I translated this from C...