!unicode!
စိမ့်ထွက်လာသည့်သွေးများကြား၌ သူ့မျက်စိရှေ့မှာပုံရိပ်များစွာဖျတ်ခနဲပျံဝဲလာပြီး ထိုအတိတ်၊ သူ့ရင်ထဲတွင်ငြိတွယ်နေသည့်ဆန္ဒမရှိမှုနှင့်ခွန်အားမဲ့မှု၊ သူနှင့်တူပေမဲ့ သူမဟုတ်ပေ။
တစ်မျိုးမျိုးဖြင့် သူဟာကိစ္စများစွာလုပ်နေချိန်တွင် သူကအကြောင်းရင်းကိုလုံးဝသိပုံမပေါ်ပေမဲ့ သူ့ကိိုထိုသို့လုပ်ရန်တိုက်တွန်းနေသည့်မဖော်ပြနိုင်သောစွမ်းအားတစ်မျိုးရှိနေပေသည်။
သူ၏လိုအင်ဆန္ဒကားပိုမိုကြီးမားသထက်ကြီးမားလာပြီး သူ့ဆန္ဒကိုမရနိုင်သည့်နာကျည်းချက်မှာပိုမိုနက်ရှိုင်းသထက်နက်ရှိုင်းလာသည်၊ သို့ပေမဲ့ ဤအခိုက်အတန့်တွင် ဒါကသူ့ရင်ထဲတွင်သူအလိုချင်ဆုံးအရာဟုတ်မဟုတ်ဟယ်ဇီကျိုးရုတ်တရက်မသိလေတော့။
လူတစ်ယောက်ရှေ့ဆက်တိုးပြီး အတပ်မက်ဆုံးအရာကဘာလဲ။ မင်းရသွားရင် တကယ်ပျော်ရွှင်မှာလား။
ဗုဒ္ဓပင်ဖြစ်စေ၊ ဟယ်ဇီကျိုးပင်ဖြစ်စေ၊ သာမန်လူတို့အတွက်ဖြစ်စေ၊ ထင်ရှားကျော်ကြားမှုနှင့်ကံကြမ္မာအတွက်ဖြစ်စေ၊ သူတို့အကုန်လုံးကဇုန်ဝူရှင်းကိုအပြီးပိုင်ရှင်းထုတ်ပစ်ချင်ကြပေမဲ့ တကယ်တော့ သူဟာသူ့ဘဝအဆုံးသတ်သွားသည်နှင့်ပျောက်ကွယ်သွားမည့်လူတစ်ယောက်မဟုတ်။ သူကားလောဘကြီးကာလှည့်စားတတ်ပြီး အငြိုးကြီးကာ အဆုံးမဲ့တည်ရှိမှုမျိုးဖြစ်သည်။
ဤလောကကြီးထဲတွင် မည်သူမဆိုဇုန်ဝူရှင်းဖြစ်လာနိုင်သည်။
ဟယ်ဇီကျိုးကမိစ္ဆာတို့ကိုရှင်းပစ်ရန်အလို့ငှာ မိစ္ဆာဝင်ပူးခံခဲ့သည်။ ချိပ်စည်းပြီးမြောက်တော့မည့်အခိုက်အတန့်တွင် သူ့အသိစိတ်ပျောက်ဆုံးသွားကာ ကပ်ဘေး၇မျိုးထုတ်လွှတ်ပြီးနောက်ကျန်ရှိသောစွမ်းအားကိုလွှတ်ထုတ်လိုက်ပြီး အခြေအနေကိုအခွင့်ကောင်းယူ၍ ကြီးထွားဖို့စောင့်နေသည့်မျိုးစေ့ပမာ ဟယ်ဇီကျိုးကိုယ်ထဲကပ်တွယ်နေခဲ့သည်။
ဗုဒ္ဓ၏မိစ္ဆာအတွင်းစိတ်တိုက်ခိုက်လာချိန်တစ်ပြိုင်နက်တည်း၌ ကောင်းကင်မိုးကြိုးပစ်ချလာကာ အနောက်ဘက်ဗုဒ္ဓဘုရားကျောင်းပြိုကျသွားတုန်းက ဟယ်ဇီကျိုးဟာကျားရွှမ်နှင့်မင်ချီတို့၏ချစ်ဒုက္ခကပ်ဘေး၏စွမ်းအားကိုနားလည်အောင်လုပ်ရန်အလို့ငှာ ထိုနေရာနားရောက်နေခဲ့သည်။
YOU ARE READING
[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်
Historical FictionAuthor: ကျွေ့ယို့ဟောဖန် Total: 118Chapters+4Extras မိတ်ဆက်စာသား: "ဇာတ်ကြောင်းပြန်လည်ရေးသားပြီးသော် အဓိကဇာတ်ဆောင်ရောင်ဝါကားပြန်ရောက်လာခဲ့ပေ၏။" အဓိကဇာတ်ကောင်: ရှုလင်ကျား|| မင်းသား: ကျင်းဖေးထုန်။ This is just a fan translation. I translated this from C...