!unicode!
ပုတီးစေ့ဝိညာဥ်၏စကားများကအဓိပ္ပါယ်ရှိသည်။ ကျန်းရွေ့နောက်ဆုံးတွင်နားလည်သွားရသည်။ သူထိတ်လန့်သွားကာ ချက်ချင်းပြောမိသည်။
"ခင်ဗျားက....သူ့ကိုထိခိုက်အောင်လုပ်စေချင်နေတာလား။ အလုပ်ဖြစ်မှာမဟုတ်ဘူး။ သူကတစ်ဂိုဏ်းလုံးမှာကျွန်တော့်ကိုအများဆုံးကာကွယ်ပေးတဲ့တစ်ယောက်ဗျ!'ပုတီးစေ့ဝိညာဥ်ကစိတ်ရှည်လက်ရှည်ပြောလာသည်။
"သူ့ကိုသတ်ခိုင်းနေတာမဟုတ်ဘူး။ လင်းယွဲ့ကိုဘဲကြည့်၊ ရှုလင်ကျားကသူ့ကိုမသတ်ဘဲ ဒီတိုင်းအနိုင်ရသွားရုံလေးတင်ကို သူကမင်းရဲ့ကံကောင်းမှုတွေကိုပြန်ယူသွားတယ်မလား။""မင်းကျန်းဝေ့ကိုတိုက်ခိုက်ပြီး မင်းရဲ့ရာထူးအဆင့်အတန်းကိုသက်သေပြလိုက်လို့ရှိရင် မင်းဘယ်လိုအကြောင်းပြချက်ဘဲသုံးသုံး မင်းလုပ်နိုင်မှာပါ။"
ကျန်းရွေ့အတွေးဖြင့်ခေါင်းငုံ့ကာ ဆုံးဖြတ်ချက်ချရန်အလွန်ခက်ခဲလျက်ရှိသည်။
အစတွင် ဟယ်ဇီကျိုးကသူ့ကိုတောင်ထွတ်ပေါ်ခေါ်လာခဲ့သည်။ ထို့ကြောင့်သူကရှစ်စွင်းကိုကိုးကွယ်ကာခင်တွယ်သည်။ သူ့ရင်ထဲတွင်ဟယ်ဇီကျိုးကပင်ကိုယ်အားဖြင့်အရေးကြီးဆုံးဖြစ်သော်လည်း တစ်ဖက်လူအတွက်ရှုလင်ကျားကပိုအရေးကြီးနေသည်ကိုသူတွေ့ရှိလိုက်ရကတည်းက ကျန်းရွေ့ဟာလည်းသွေးအေးသွားခဲ့သည်။
လက်ရှိတွင် သူ၏အကြီးမားဆုံးလိုအင်ဆန္ဒမှာ ထင်ရှားပေါ်လွင်အောင်လုပ်ကာ ရှုလင်ကျားကသူ့လက်အောက်တွင်ရှုံးနိမ့်သွားမည်ကိုဟယ်ဇီကျိုးအားမြင်တွေ့စေချင်သည်။ ထိုမှသာ သူအမြတ်တနိုးတန်ဖိုးထားသင့်သည့်တပည့်ကမည်သူဖြစ်သင့်မှန်းနားလည်သွားနိုင်သည်။
ထို့အပြင် ကျန်းဝေ...သူ့အပေါ်ကျန်းရွေ့၏ခံစားချက်များမှာထိုမျှမနက်ရှိုင်းသည့်တိုင် အဆုံးတွင်သူဟာအစမှအဆုံးထိသူ့ကိုတက်ကြွစွာထောက်ပံ့နေခဲ့သည့်အကြီးအကဲဖြစ်ပေရာ လင်းယွဲ့နှင့်ကွာခြားလှသည်။
ထိုသို့လုပ်ဖို့ရာ သူဟာလူသားမဆန်ရာရောက်သွားလိမ့်မည်။
ပုတီးစေ့ဝိညာဥ်ကဆိုသည်။
"ဘာလဲ၊ မလုပ်နိုင်ဘူးလား။ လူတွေကမင်းကိုကောင်းကောင်းမွန်မွန်ဆက်ဆံတယ်ထင်နေတုန်းလား။ ငါမင်းကိုအမှန်တရားပြောပြမယ်၊ သူတို့တွေမင်းကိုအခုကောင်းကောင်းဆက်ဆံနေကြတဲ့အကြောင်းရင်းက မင်းရှုလင်ကျားဆီကခိုးထားတဲ့ကံကောင်းမှုကြောင့်ပဲ။ သူကဒီလောကကြီးထဲမှာကံကောင်းခြင်းသားတော်တစ်ပါးဖြစ်ပြီးတော့ သူများတွေကောင်းချီးပေးတာခံရနိုင်တယ်။ မင်းမှာဒီအရာတွေမရှိရင်ကော? ကျန်းဝေကမင်းကိုဒီလိုဆက်ဆံနေပါအုံးမလား။"
![](https://img.wattpad.com/cover/300645271-288-k145510.jpg)
YOU ARE READING
[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်
Historical FictionAuthor: ကျွေ့ယို့ဟောဖန် Total: 118Chapters+4Extras မိတ်ဆက်စာသား: "ဇာတ်ကြောင်းပြန်လည်ရေးသားပြီးသော် အဓိကဇာတ်ဆောင်ရောင်ဝါကားပြန်ရောက်လာခဲ့ပေ၏။" အဓိကဇာတ်ကောင်: ရှုလင်ကျား|| မင်းသား: ကျင်းဖေးထုန်။ This is just a fan translation. I translated this from C...