!unicode!
လုကျန်းမှာမလှုပ်ခတ်သွားဘဲ မျက်နှာအမူအရာမဲ့စွာဖြင့်အေးစက်စက်ပြောလာသည်။
"သံသယဝင်မိလို့ငါ့ကိုအပြစ်တင်နေတာလား။ ဒါဖြင့်ရင် ငါမင်းကိုမေးပါရစေ၊ လမ်းတစ်လျှောက်မှာတိုက်ခိုက်သူတွေမင်းတို့ကိုထပ်ခါတလဲလဲတိုက်ခိုက်တုန်းက မင်းတို့ရဲ့တည်နေရာကိုသူတို့ဘယ်လိုသိသွားတာလဲ။ ငါအပြင်မှာအရံအတားလုပ်ထားတာကို အဲ့ဒီ့ကောင်တွေကအရံအတားကိုချိုးဖျက်နိုင်တဲ့နည်းလမ်းကိုဘယ်လိုသိသွားတာလဲ။""ဟမ့်၊ ငါ့အမြင် မင်းမလိမ်ရင်တောင် မင်းမှာမင်းရဲ့ရှစ်စွင်းကိုကာကွယ်ရမဲ့တာဝန်ရှိနေတုန်းပဲ၊ သူလျိုတွေရောနေနိုင်တယ်! ဂိုဏ်းရဲ့လုံခြုံရေးအတွက် ငါမင်းရဲ့ကျင့်စဥ်အခြေခံအုတ်မြစ်ကိုချိပ်ပိတ်ပြီးတော့ ဒီကိစ္စကိုသေချာဂရုတစိုက်စုံစမ်းစစ်ဆေးရမယ်!"
သူ့စကားများကိုကြားလိုက်ရပြီးနောက် တပည့်ဂိုဏ်းသားများမှာအပြန်အလှန်တုန်လှုပ်စွာကြည့်ကာ သူတို့နားကိုမယုံကြည်နိုင်ဖြစ်မိကြသည်။
သူတို့တွင်ခက်ခဲကြမ်းတမ်းသောခရီးစဥ်ရှိခဲ့ပြီး ဂိုဏ်းချုပ်အန္တရာယ်ဖြစ်သွားသည်ကိုမြင်ခဲ့ကြရသည်။ ၎င်းမှာအကြမ်းတမ်းဆုံးအချိန်ဖြစ်ခဲ့ပြီး နောက်ဆုံးတွင်ဂိုဏ်းကိုပြန်လာခဲ့ကြသည်။ သူတို့သည်ရင်းနှီးသောအကြီးအကဲများနှင့်ဂိုဏ်းတူညီအစ်ကိုမောင်နှမတို့ကိုမြင်လိုက်ရပြီး သူတို့၏အတွေ့အကြုံများအကြောင်းပြောဖို့ရာအချိန်မရဘဲ နေရာမှာတင်အလွန်အပြစ်တင်ပြောဆိုခံလိုက်ကြရသည်၊ မည်သူကမျှစိတ်ကူးမထားနိုင်။
အချို့ဂိုဏ်းသူများပင်မကျေနပ်မှုဖြင့်မျက်ရည်ကျမိတော့မည်ပင်။ လုကျန်းကလက်မြှောက်လိုက်ရာ ပြစ်ဒဏ်စီရင်ရေးနန်းဆောင်၏တပည့်ဂိုဏ်းသားများကသူတို့ထံလျှောက်လာသည်။
ထိုစဥ်၊ အမြဲတမ်းမထင်မရှားနေနေတတ်သည့်လော်ရှောင်းမှာရုတ်တရက်ရှေ့တိုးကာ သူတို့ရှေ့တွင်ရပ်၍ ညင်သာစွာပြောလိုက်သည်။
"ခဏနေပါအုံး။"လုကျန်းကဆိုသည်။
"လော်ရှစ်ကျီ၊ မင်းကတပည့်ခေါင်းဆောင်ဖြစ်ရင်တောင် ပြစ်ဒဏ်စီရင်ရေးနန်းဆောင်ရဲ့ဆုံးဖြတ်ချက်ကိုမေးခွန်းထုတ်ဖို့အရည်အချင်းမပြည့်မှီဘူးနော်။"
أنت تقرأ
[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်
أدب تاريخيAuthor: ကျွေ့ယို့ဟောဖန် Total: 118Chapters+4Extras မိတ်ဆက်စာသား: "ဇာတ်ကြောင်းပြန်လည်ရေးသားပြီးသော် အဓိကဇာတ်ဆောင်ရောင်ဝါကားပြန်ရောက်လာခဲ့ပေ၏။" အဓိကဇာတ်ကောင်: ရှုလင်ကျား|| မင်းသား: ကျင်းဖေးထုန်။ This is just a fan translation. I translated this from C...