!unicode!
မိစ္ဆာဧကရာဇ်၏ထူးခြားဆန်းကြယ်သောလက်ဝါးလေပြင်းကလေထဲရှိကောင်းကင်မိုးကြိုးနှငိ့ထိပ်တိုက်တွေ့သွားပြီး ကျယ်လောင်သောဟိန်းသံတစ်ခုပြုလုပ်လာကာ ထူးဆန်းသောမိစ္ဆာစွမ်းအင်ကကောင်းကင်တစ်ခွင်လုံးပြိုးပြိုးပြက်ပြက်လက်နေသည့်မိုးကြိုးအလင်းတန်းနှင့်အတူရောယှက်သွားကာ မျက်စိကျိန်းစေသည်။
အလှည့်အပြောင်းမားစွာနှင့်ပြန်ဝင်စားလာသည့်နှစ်များအပြီးတွင် သူဟာနောက်ဆုံးတွင်သူ၏မိသားစုကိုသူ့နောက်မှာထား၍မြဲမြံစွာကာကွယ်နိုင်စွမ်းရှိလာပြီပင်။ ဤအခိုက်အတန့်တွင် သူငိုချင်ပေမဲ့ အကျယ်ကြီးလည်းအော်ရယ်ချင်မိသည်။
ကံတရားကဘာလဲ။ ကပ်ဘေးကကော? ကောင်းကင်ဘုံရဲ့နည်းလမ်းကကောဘာလဲ။
ဒါပေမဲ့ဒါအကုန်ပဲ!
ကောင်းကင်ဘုံကသူ၏ဇနီးနှက့်ကလေးကိုခွဲချင်လေလေ သူကကောင်းကင်ဘုံကိုပိုမိုဆန့်ကျင်ချင်လေလေဖြစ်ရာ သူ့အသက်ကိုစွန့်စားရုံသာတတ်နိုင်သည်! ခန္ဓာကိုယ်တစစီကြေမွပျက်စီးသွားရင်တောင် ဝိညာဥ်ကားဘယ်တော့မှသေသွားလိမ့်မည်မဟုတ်။
တဂျိန်းဂျိန်းမြည်နေသည့်မိုးကြိုးမှာတဖြည်းဖြည်းချင်းပျောက်ကွယ်သွားပြီး အနည်းငယ်ကျန်ရစ်သည့်ကပ်ဘေးမှာကျားရွှမ်၏လက်ဝါးဖြင့်ဖျက်ဆီးခံလိုက်ရသည်။ ဤအဖြစ်အပျက်ကမရေတွက်နိုင်သောသံယောဇဥ်နှင့်နာကျင်မှုများကိုယူဆောင်လာပြီး လူတိုင်းမှာမတတ်သာစွာရုန်းကန်ခဲ့ရသည်။ ကပ်ဘေးကားနောက်ဆုံးတွင်အမှန်တရားကိုချုပ်တည်းနိုင်စွမ်းမရှိလေတော့။
ရှုလင်ကျား၏ပုခုံးများမှာသူ၏ခမည်းတော်ထံမှဆုပ်ကိုင်ခံထားရဆဲဖြစ်ပြီး ကျယ်လောင်သောဆူညံသံများကြား၌ အပြည့်နှင့်ကောင်းကင်ကိုမော့ကြည့်ကာ မျက်စိမှိတ်လိုက်မိသည်။
ကျင်းဖေးထုန်ဟာရှုလင်ကျား၏မိတ်ဆွေဖြစ်ကြောင်းကျားရွှမ်သိနေသဖြင့် မင်ချီနှင့်ရှုလင်ကျားကိုလက်တစ်ဖက်စီနှင့်ကာကွယ်ပေးပြီးနောက် မျက်နှာသာရရန်ကျင်းဖေးထုန်ကိုလှမ်းဆွဲဖို့ပြင်လိုက်ပေမဲ့ သူကစန္ဒယားနှင့်ဗုံကိုကိုင်ထားသည့်နှယ် တည်ငြိမ်စွာလက်မြှောက်လိုက်ပုံကိုမြင်လိုက်ရသည်။ လက်တစ်ချက်ခါလိုက်ရာ ကပ်ဘေး၏လက်ကျန်စွမ်းအားမှာပတ်ဝန်းကျင်ထံပျံ့ကြဲသွားချေသည်။
YOU ARE READING
[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်
Historical FictionAuthor: ကျွေ့ယို့ဟောဖန် Total: 118Chapters+4Extras မိတ်ဆက်စာသား: "ဇာတ်ကြောင်းပြန်လည်ရေးသားပြီးသော် အဓိကဇာတ်ဆောင်ရောင်ဝါကားပြန်ရောက်လာခဲ့ပေ၏။" အဓိကဇာတ်ကောင်: ရှုလင်ကျား|| မင်းသား: ကျင်းဖေးထုန်။ This is just a fan translation. I translated this from C...