[၈၃] ရှန့်ယီကျန်းကျား|ရွန့္ယီက်န္းက်ား

2.3K 440 12
                                    

!unicode!

ဟယ်ဇီကျိုးကဆိုသည်။
"ဒီအဖြစ်အပျက်အပြီးမှာ မင်းတို့အားလုံးအရွယ်ရောက်လာမှန်းငါသိလိုက်ရတယ်၊ မင်းတို့တွေအရေးပေါ်ကိစ္စတွေကိုဖြေရှင်းနေနိုင်ပြီ၊ မင်းတို့ကိုယ်မင်းတို့လည်းဂရုစိုက်နေနိုင်ပြီဆိုတော့ အရမ်းကောင်းတယ်။ ပြီးတော့ မင်းတို့တွေအရွယ်ရောက်လာတော့ ဆရာတစ်ယောက်အနေနဲ့ ငါကလူအိုကြီးဖြစ်နေပြီ၊ ငါကောင်းကင်ဘုံပေါ်မတက်လှမ်းနိုင်လို့ရှိရင် ငါ့မှာဇုန်ဝူရှင်းရဲ့ကပ်ဘေးမရှိရင်တောင် တစ်နေ့ကျသေရလိမ့်မယ်။"

သူကထိုသို့ရုတ်တရက်ပြောလာလေရာ သူတို့သုံးယောက်လုံးမှင်တက်သွားမိသည်။

ပုံပန်းသွင်ပြင်နှင့်ကိုယ်ကျင့်စရိုက်ပင်ဖြစ်စေ၊ နေ့စဥ်စကားလုံးနှင့်လုပ်ရပ်များပင်ဖြစ်စေ၊ ဟယ်ဇီကျိုးကား ဘယ်သောအခါမှလဲကျမသွားမည့်စိတ်ဝိညာဥ်ထောက်တိုင်ပမာ သူတို့စိတ်ထဲတွင်သန်မာကာသွေးအေးပေသည်။ တစ်နေ့ကျရင် ဤကဲ့သို့စိတ်သောကရောက်ဖွယ်စကားလုံးများကိုကြားရလိမ့်မည်ဟုမထင်ထားမိပေ။

အဆုံး၌ ကျင့်ကြံရေးလောက၏တွက်ချက်မှုအရ ဟယ်ဇီကျိုး၏အသက်မှာအရွယ်ကောင်းတွင်ရှိနေသဖြင့် သူ့ကို"လူအိုကြီး"ဟုခေါ်လို့်မရပေ။

ရှုလင်ကျားပြောမိသည်။
"ရှစ်စွင်းဘာလို့ဗြုန်းစားကြီးအဲ့လိုပြေညလာတာလဲ။ ရှစ်စွင်းမနိုးသေးဘူးလား။ ဒဏ်ရာကမပြင်းထန်ပါဘူး။ အဲ့ဒီ့ကပ်ဘေးအတွက်ဖြေရှင်းချက်ရှိပါတယ်...မင်မျိုးနွယ်စုခေါင်ရဲ့ကပ်ဘေးတောင်ကောင်းသွားတယ်လေ။ တစ်ခုခုရှိနေသေးလို့လား။"

သူအလျင်စလိုဖြင့်ကူကယ်ရာမဲ့စွာပြောလာလေရာ သူ့လေသံမှာယခင်ကထက်စိမ်းကားမှုအနည်းငယ်လျော့ပါးလို့နေသည်။

ဟယ်ဇီကျိုးကရှုလင်ကျားကိုနက်ရှိုင်းသောမျက်လုံးတစ်စုံဖြင့်စိုက်ကြည့်​နေပြီး သူဘာတွေးနေမှန်းမသိပေ။

လော်ရှောင်း၏မျက်လုံးများမှာထိုနှစ်ယောက်ကြားတွင်ဖြည်းညှင်းစွာဝေ့ဝဲသွားပြီးနောက် မျက်လွှာချလိုက်ပြန်သည်။

ဟယ်ဇီကျိုးကပြောလာသည်။
"ဘာမှမရှိပါဘူး။ ဒါပေမဲ့ လင်ကျား၊ မင်းလက်ခံဖို့လိုအပ်တဲ့အရာက ကိစ္စတွေကိုကြိုမမြင်နိုင်ဘူး၊ ပြီးတော့ ဘဝကမတည်မြဲဘူး၊ အရာရာတိုင်းကို​အောက်ခြေထိရောက်အောင်သွားပြီး မဆုတ်မနစ်ရှာဖွေ​နေမဲ့အစား အဲ့အကြောင်းသိပ်အများကြီးမတွေးတာပိုကောင်းမယ်၊ တောင်းဆိုမှုကသန့်စင်လွန်းပါတယ်။ မင်းကိုယ်မင်းကောင်းကောင်းဆက်ဆံလို့ရှိရင် တစ်ပါးသူကိုလည်းကောင်းကောင်းဆက်ဆံနိုင်လိမ့်မယ်။"

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now