[၈၅] ရှီးဖုန်းကျင်းလူ|ရွီးဖုန္းက်င္းလူ

2.1K 410 1
                                    

!unicode!

ဤအချိန်တွင် လော်ရှောင်းကရယ်မောကာဖြင့် သူ့ဝတ်ရုံကိုခါချလျက် တည်ငြိမ်စွာပြောလာသည်။
"မသေမျိုးကျင့်ကြံရေးနည်းလမ်းကိုကျင့်ကြံပြီး မွေးရာပါချို့တဲ့တဲ့ရောဂါကိုကုသဖို့ လင်ရှောင်းဂိုဏ်းအောက်မှာလေ့လာဖို့နည်းလမ်းကိုရှာတွေ့ခဲ့တယ်။ ကျွန်တော်ရှစ်စွင်းကိုဖောက်မြင်နိုင်တယ်...ရှစ်စွင်း၊ ဒီတပည့်မေးပါရစေ.....ကျွန်တော်ရဲ့သရုပ်မှန်နဲ့ပတ်သတ်ပြီးသိနှင့်ပြီးသားမလား။"

လော်ရှောင်းကနောက်ဆုံးမေးခွန်းကိုပေါ့ပါးစွာမေးလိုက်ပေမဲ့ သူ၏မျက်လုံးများမှာထူးဆန်းစွာလေးနက်လို့နေကာ သေရေးရှင်ရေးကိစ္စဖြစ်သည့်အရေးကြီးသောကိစ္စအတည်ပြုနေသည့်အလား ဟယ်ဇီကျိုးကိုစိုက်ကြည့်လျက်ရှိသည်။

ဟယ်ဇီကျိုးကအသာလှောင်ရယ်လိုက်သည်။
"အဲ့အချိန်တုန်းက ငါမင်းကိုတပည့်အဖြစ်လက်ခံခဲ့မိတာကအမှားတစ်ခုပဲ။ ဒီလောက်နှစ်တွေအများကြီးကြာပြီးနောက်မှာ ဆရာတစ်​ယောက်အနေနဲ့မင်းရဲ့သရုပ်မှန်မသိဘဲနေပါ့မလား။ မင်းဘာလုပ်မလဲငါမြင်ချင်ရုံတင်၊ မင်းကတည်ငြိမ်နေနိုင်တာပဲ၊ သိပ်မဆိုးပါဘူး။"

"တောင်ထွတ်ဂိတ်ဝကလှည့်ကွက်နဲ့ထောင်ချောက်နည်းနည်းလေးက ငါ့ကိုထောင်ချောက်ဆင်ဖို့တအားတုံးလွန်းအားကြီးလွန်းတယ်။ အဲ့အချိန်တုန်းက ငါမှော်စက်ဝန်းထဲဖောက်ဝင်ပြီး ဒီကိစ္စတွေနောက်ကွယ်ကလူတွေရဲ့ရည်ရွယ်ချက်ကိုမြင်ချင်ရုံပဲ။ ငါလုံးဝမထင်ထားမိတာက ဒီ့အတွက်ကြောင့်ငါမိစ္ဆာမျိုးနွယ်စုထဲဝင်နိုင်သွားပြီး မင်းရဲ့တတိယညီတော်ယန်ယွီကမင်းနဲ့အဆက်အသွယ်ရှိနေတာကိုသိလိုက်ရမယ်လို့လေ။"
ဟယ်ဇီကျိုးကလော်ရှောင်းကိုကြည့်ကာခေါင်းခါလိုက်သည်။

"တောင်ထွတ်ဂိတ်ဝကအစီအရင်ပျက်စီးသွားမှု၊ အဓိကနန်းဆောင်ခန်းမပြိုကျမှုနဲ့လုကျန်းရဲ့လုပ်ရပ်တွေအကုန်လုံးကဖြစ်ရပ်တွေနောက်ကွယ်ကမင်းရဲ့လှုံ့ဆော်မှုမပါဘဲမလုပ်နိုင်ဘူးမလား။ ရှောင်းအာ၊ မင်းလင်ရှောင်းဂိုဏ်းကိုဒီရည်ရွယ်ချက်နဲ့လာခဲ့တာလား။

"အရင်ကတည်းကသိထားခဲ့တာဆိုရင် ဒီလို.... ဒီလို.... ဒီလိုမျိုး...."

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Opowieści tętniące życiem. Odkryj je teraz