[၁၄]စိတ်ပျက်မှု|စိတ္ပ်က္မႈ

6.9K 1.1K 21
                                    

"ဟူအောင့်ထျန်းတွင် ရှုပ်ထွေးသောဘဝအတွေ့အကြုံနှင့် အရမ်းကိုနာကျင်စရာကောင်းသောအတိတ်ရှိတတ်၏။"

.........................................................................

ကျန်းရွေ့သည်လက်ထဲတွင်ဓားကိုင်လျက်သားဖြင့် လူတစ်စု၏ဝန်းရံခြင်းခံထားရ၏။ သူ့လက်တွင်ချိပ်စည်းတစ်ခုဖော်လိုက်ပြီး ၎င်းကိုစုပ်ယူကာ ဓားအတွင်းရှိဓားအသက်ရှုသံတစ်မျှင်ကိုဆွဲထုတ်လိုက်သည်။ ဓားထံမှသက်တန့်ရောင်အလင်းပေါက်ထွက်လာပြီး ၎င်းမှာအလွန့်အလွန်ကျက်သရေရှိလှသည်။

သူ့တစ်ဝိုက်ရှိချီးကျူးသံများမှာ တစ်ခုတည်းအဖြစ်ပေါက်ထွက်လာခဲ့သည်။

"ရုပ်ဆိုးတဲ့ပြကွက်တစ်ခုပါပဲကွာ။ ပိုးမွှားတွေကိုသတ်ပစ်တဲ့အစွမ်းအစသေးသေးလေးပါပဲ။ ငါ့ကိုမရယ်ကြပါနဲ့။ ညီလေး၊ ညီမလေးတို့ရေ။"

ကျန်းရွေ့ပြောလိုက်သည်။
"ခြုံပြောရရင် ဒီလိုမျိုးပဲပေါ့။ ဓားနည်းလမ်းတွေဟာ ဓားအသက်ရှုသံတွေထဲကမတူညီတဲ့အချက်ကိုခွဲခြားပေးတယ်။ သွမ့်ဟောင်ရန်ပိုင်တဲ့အပိုင်းကိုထုတ်လိုက်ပြီး သစ္စာဖောက်ကိုဖမ်းရာမှာ သူတို့ကိုဖြစ်နိုင်သမျှကူညီနိုင်ဖို့ မျှော်လင့်ရမှာပဲ။"

ဂိုဏ်းသားတစ်ယောက်ကဆိုသည်။
"အစ်ကိုကျန်းကဒီလောက်တော်တာ၊ ဘာကြောင့်နိမ့်ချပြောဆိုနေရတာလဲ​ဗျာ။ အစ်ကို့မှာဒီအစွမ်းအစရှိတယ်လေ။ ခက်ခဲမှုအဆင့်က တို့ဖူးပေါ်ကိုအလှဆင်ရတာထက်မလျော့ပါဘူးဗျာ။ ရှင်းဇုန်ကသူတို့ကိုကူညီဖို့အစ်ကို့ကိုခေါ်တာအံ့သြစရာမရှိပါဘူး!"

အခြားလူတစ်ယောက်ကလည်းရယ်မောလာသည်။
"အမှန်ပဲ။ ဒီတစ်​ကြိမ်မှာ အစ်ကိုကပထမဆုံးဂုဏ်ယူစရာဖြစ်လာမှာ။ ဘာရတနာပဲရလာရလာ အစ်ကိုအဲ့ဒါကိုပြန်ယူလာဖို့မမေ့နဲ့နော်။ ပြီးတော့ အစ်ကို့ရဲ့မျက်လုံးတွေကိုဖွင့်ပြီး ဒီကရှစ်တိလေးကိုကြည့်အုံးနော်၊ ရှစ်ရှုန်းရ။"

ပတ်ဝန်းကျင်ရှိလူများစွာကလည်းဟာသတစ်ဝက်နှော၍ ထောက်ခံလာကြသည်။ ကျန်းရွေ့တစ်ယောက်ပြုံးကာ ပြန်ဖြေဖို့ပြင်လိုက်ချိန်တွင် မဖော်ပြနိုင်လောက်သောမူးဝေမှုဝေဒနာကိုရုတ်တရက်ခံစားလိုက်ရပြီး သူ့ဘေးရှိသစ်ပင်၏ပင်စည်ပေါ်အလျင်စလိုမှီလိုက်ရသည်။

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now