Uni
"အဲလောက်တောင်လုပ်ဖို့လိုလို့လား ဆယ်စုနှစ် တစ်ခုကျော်တောင် အတူတူဖြတ်ကျော်ခဲ့ပြီးပြီပဲ"
"အဲဒါကြောင့် ပိုသေချာသွားတာ ဒီလိုဘဝကြီးကို စိတ်ညစ်နေပြီ မဟုတ်ဘူး စိတ်ပျက်နေပြီ"
"ကွာရှင်းရလောက်အောင်ထိ လိုလို့လား"
"ရှည်ရှည်ဝေးဝေးတွေ ပြောမနေနဲ့တော့ ကျေးဇူးပြုပြီး ကွာရှင်းပေးပါ"
"ဟာကွာ"
"ဒုန်း"
ရှိန်းနေခ စိတ်တိုတိုနဲ့ နံရံကို လက်သီးနဲ့ ထိုးလိုက်တယ်
"မောင် ....အဓိပ္ပါယ် မရှိတာတွေ လုပ်မနေနဲ့
နံရံပျက်စီးသွားရင် အိမ်ရှင်ကို အလျော်ပေးရလိမ့်မယ်
မောင်လည်း လက်နာသွားရင် အလုပ်မလုပ်နိုင်ဘဲ နေမယ်
ဒီညတော့ တော်ပြီ အိပ်တော့"သံစဥ်ချိုပြောပြီး အိပ်ရာပေါ်မှာ သွားအိပ်ပါတယ်
ကွာရှင်းဖို့ ကိစ္စကို လွယ်လွယ်ပြောထွက်ပြီး သူ ဒီလောက် သွေးဆူနေတာကို အေးဆေးပဲ ပြောနေနိုင်တဲ့ ချို့ကို အံ့သြလို့ မဆုံးပါဘူး
"ချို အိပ်ပျော်နိုင်ပေမဲ့ မောင်ကတော့ အိပ်မပျော်နိုင်ဘူး"
ရှိန်းနေခ အိပ်မပျော်တာကြောင့် ဝရန်တာကို ထွက်ပြီး ဆေးလိပ်သောက်ပါတယ်
ဆေးလိပ်လေး ဖွာရင်း အရင်က အတိတ်နေ့ရက်တွေကို ပြန်တွေးနေမိတယ်လွန်ခဲ့တဲ့ ၁၅နှစ်လောက်က ကျွန်တော်နဲ့ ချို စတင်တွေ့ဆုံခဲ့တယ်
ကျွန်တော်တို့နှစ်ယောက်က လွဲမှားမှု တစ်ခုကြောင့် ထူးဆန်းစွာပဲ ဆုံတွေ့ခဲ့ကြတာပါအဲဒီနေ့က ကျွန်တော် အွန်လိုင်းပေါ်က ကောင်မလေးတစ်ယောက်နဲ့ ချိန်းထားလို့ ကန်တော်ကြီးထဲကို သွားခဲ့တယ်
ဟိုရောက်တော့ မိုးတွေကလည်း သဲသဲမဲမဲ ရွာနေလို့ ချိန်းထားတဲ့နေရာကို အပြေးအလွှား သွားမိတယ်
ဟိုရောက်တော့ ထီးလေးနဲ့ ကောင်မလေးတစ်ယောက် ရပ်နေတယ်"ချိုလားဗျ"
"ဟမ်"
"သြော်....နာမည်က ချိုလားလို့"