Uni
ကျွန်တော် ဆိုင်က ပြန်လာတော့ မီးလေး အိမ်ထဲက ပြေးထွက်လာပြီး
"ဦး....ဦးကို စပရိုက်တိုက်စရာ ရှိတယ်"
"အင်း....ဖြည်းဖြည်း လာပါ ကလေးရယ်
လဲဦးမယ်"သားလေးကို ပြန်သွားခေါ်ပါတယ်
"ကလေး ဘာလဲ ပြောလေ"
"ဒီမှာလေ"
"သားက ဘာဖြစ်လို့လဲ"
"သား ခေါ်လိုက်လေ"
"ဖေ.....ဖေ"
"သြော်.....သားစကားပြောနေပြီပဲ"
"ဟာ....ဦးကလည်း မအံ့သြဘူးလား
မီးဆို သား ခေါ်သံစကြားတာနဲ့ အံ့သြဝမ်းသာသွားတာ""အင်း....သူ့အရွယ်နဲ့သူ စကားပြောမှာပဲဟာ
ဒါပေမဲ့ ဦးလည်း ဝမ်းသာပါတယ်
နော်.... သားလေး"ကျွန်တော် သားလေးကို ကောက်ချီလိုက်ပါတယ်
"သား....မေမေ့ကိုရော ခေါ်ပါဦး"
"ကလေး..."
"သား မေမေလို့ခေါ်လေ
ကလေး မဟုတ်ဘူး""မေ....မေ....ကလေး"
"ဟားဟား.... ငါ့သားကတော့
ချစ်စရာလေးကွာ"ဦးမျက်နှာမှာ အပြုံးတွေ တွေ့ရပါတယ်
ဦး တကယ် ပျော်နေပုံပါပဲ
..........................................
မီးလေးက သားကို ပိုးထည်တိုက်သွားတိုင်း ခေါ်သွားပါတယ်
ဆိုင်ဝန်ထမ်းတွေကလည်း သားလေးကို ဝိုင်းထိန်းပေးရင်း ချစ်ကြပါတယ်သားနဲ့ မီးလေးရဲ့ ဆက်ဆံရေးက သားအမိပုံစံထက် မောင်နှမ သူငယ်ချင်းလိုပါပဲ
ဆိုင်က အိမ်ပြန်ရောက်ရင် သားနဲ့ မီးလေးက ခြံထဲမှာ အပင်လေးတွေ ရေလောင်းရင်း ကျွန်တော် ပြန်အလာကို စောင့်ကြပါတယ်
ကျွန်တော်ကို မြင်တာနဲ့ နှစ်ယောက်လုံး ပြေးလာကြပါတယ်
"ကလေးတို့ ဖြည်းဖြည်း လာလေ
ပြေးရင် ချော်လဲမယ်
နာနာဖြစ်မယ်နော်""ဖေဖေ့ဆီ သားသား အရင်ရောက်"
"ဟုတ်တယ်ကွာ
ငါ့သားလေးက အရင်ရောက်တာ
မေမေက နည်းနည်း နောက်ကျတယ်နော်"
![](https://img.wattpad.com/cover/319704725-288-k810654.jpg)