Uni
မီးလေး မျှော်လင့်နေတဲ့ မင်္ဂလာပွဲနေ့ ရောက်ရှိလာပါပြီ
ပွဲချိန်က ၈နာရီမှဖြစ်ပေမဲ့ မနက်၆နာရီကတည်းက မိတ်ကပ်ပြင်ဖို့ ဟိုတယ်ကို အရောက်သွားရပါတယ်အန်တီပိုးရယ် မီးလေးရယ်ပဲဟိုတယ်ကို အရင်ဆုံး ထွက်လာကြပါတယ်
ဖေဖေနဲ့ ဦးကြီးတို့လင်မယားကတော့ နောက်မှ လိုက်လာမယ်လို့ ပြောပါတယ်ဦးကလည်း သူ့မိဘတွေနဲ့ ဟိုတယ်ကိုပဲ တန်းလာမယ်လို့ ပြောပါတယ်
မီးလေး စိတ်ထဲမှာတော့ ဦး မလာမှာကို အရမ်း ကြောက်နေမိပါတယ်ဟိုတယ်ရောက်တာနဲ့ မိတ်ကပ်စပြင်ပါတယ်
အန်တီပိုးကတော့ စိတ်ရှည်ရှည်နဲ့ မိတ်ကပ်လိမ်းတာကို ထိုင်စောင့်ပေးနေပါတယ်၇နာရီထိုးတော့ မီးလေးသူငယ်ချင်းတွေ ရောက်လာပါတယ်
"မီးလေး...အရမ်း လှနေပြီ"
"foundationပဲ လိမ်းရသေးတယ်
အပိုမလုပ်နဲ့"မိတ်ကပ်foundationသေချာလိမ်းပြီးလို့ ဆံပင်စထုံးနေတဲ့အချိန်မို့ သူငယ်ချင်းတွေကို စကားပြန်ပြောနိုင်တာပါ
"သမီးတို့ ရောက်လာပြီဆိုတော့ အတော်ပဲ
အန်တီလည်း မိတ်ကပ်သွားလိမ်းပြီး အဝတ်အစားလဲလိုက်ဦးမယ်
သမီးတို့ သူငယ်ချင်းအနားမှာ နေပေးကြဦးနော်""ဟုတ်ကဲ့ အန်တီ
စိတ်ချပါ"အန်တီပိုး အခန်းပြင်ထွက်သွားတော့
"မီးလေး နင့်မျက်နှာက ဘယ်လိုဖြစ်နေတာလဲ
ခုနက နင့်အမေရှိနေလို့ မပြောတာ
ဖုန်းတကြည့်ကြည့်နဲ့""ဦး မလာသေးလို့"
"အစောကြီး ရှိသေးတာ
လာမှာပေါ့""၇နာရီ ထိုးနေပြီ"
"ပွဲချိန်အမှီ လာမှာပေါ့ဟယ်"
"ငါ သူ မလာတော့မှာ ကြောက်တယ်
မနက်ကတည်းက ဖုန်းလည်း မပြောရသေးဘူး""နင်ကလည်း ဒုက္ခပါပဲ နှင်းဆီမင်းဆက်ရယ်
ဦးက နင်နဲ့ ရန်သူမှ မဟုတ်တာ
နင်နဲ့ လက်ထပ်မဲ့သူလေ
သူက နင့်ဆီ မလာဘဲ အရှက်ခွဲပါ့မလား""အေးလေ"
သူငယ်ချင်းတွေက ဝိုင်းပြောပေမဲ့လည်း စိတ်ထဲမှာ စိုးရိမ်နေတုန်းပါပဲ