Uni
တပတ်လောက်ကြာတော့ မီးလေးတို့ ပြန်လာကြပါတယ်
"အကိုတို့ ပြန်လာကြပြီလား"
"အေး....မင်းလည်း ဆိုင်က ပြန်ရောက်နေပြီပဲ"
"ဦး.....မီး ပင်ပန်းလာတယ်"
"အင်း....."
"ပင်ပန်းလာတယ်လို့....အခန်းထဲ သွားကြမယ်"
မီးလေး ကျွန်တော့်လက်ကိုဆွဲပြီး အပေါ်ထပ် အတင်းခေါ်ပါတယ်
အခန်းထဲရောက်တာနဲ့ တံခါးပိတ်လိုက်ပြီး ကျွန်တော့်ကို ဖက်ထားပါတယ်
"ကလေးကလည်း.....ဘာဖြစ်တာလဲ
ကလေးအဖေကို အားနာစရာ""မီးက ဦးကို လွမ်းလို့ဟာကို...."
"လာ ကုတင်ပေါ်မှာ ထိုင်ကြမယ်
ဦးပေါင်ပေါ်မှာထိုင်"ကျွန်တော့်ပေါင်ပေါ်မှာ တက်ထိုင်ပြီး လည်ပင်းကို ဖက်တွယ်ထားပါတယ်
"ကလေးက ဦးကို လွမ်းတာလား"
"လွမ်းတာပေါ့"
"ဦးဖို့ ဘာပါလဲ"
"ဦးပဲ သစ်သီးဆို...."
"ဒါပဲလား"
"မဟုတ်ဘူး မုန့်တွေရော အရုပ်တွေရော ပါတယ်"
"ဦးက ကလေးမှ မဟုတ်တာ အရုပ်က ဘာလုပ်ဖို့လဲ"
"ဦးကလည်း....... ရိုးရာအရုပ်လေးတွေ ဦးရုံးခန်းမှာ အလှဆင်ထားပေါ့"
"ဟုတ်ပါပြီကွာ
ငါ့ကလေးက ချွဲစိန်လေး""ချွဲမှာပဲ ဟီး.......😁"
ကျွန်တော် သူ့နှဖူးလေးကို နမ်းလိုက်ပါတယ်
"ပင်ပန်းလာရင် ရေချိုးလိုက်
ပြီးရင် ထမင်းဆင်းစားကြမယ်
ဒီနေ့ စောစောအိပ်""ဦး ချော့သိပ်မှာလား"
"သိပ်မှာပေါ့ကွာ ဦးကလေးကို......"
မီးလေး ရေချိုးပြီး ထမင်းဆင်းစားကြပါတယ်
"ရှိန်းနေခ မင်း အလုပ်တွေ အဆင်ပြေတယ်မလား"
"ဟုတ်ကဲ့ အဆင်ပြေပါတယ်အကို"
"အေး....
အကိုတို့တော့ မနက်ဖြန်ညလေယာဥ်နဲ့ ပြန်သွားတော့မယ်"