(29)

3.2K 64 3
                                    

Uni

ကျွန်တော်နိုးလာတော့ ကလေး အိပ်ပျော်နေတုန်းပါပဲ
ကျွန်တော် သူ့ကို စောင်ခြုံပေးပြီး ရေချိုးခန်းဝင်လိုက်ပါတယ်
ရေချိုးနေရင်း ညတုန်းက အကြောင်းတွေ ပြန်တွေးမိပြီး ပြုံးလိုက်မိတယ်

မင်းက ချစ်စရာကောင်းသားပဲ

ကျွန်တော် အဝတ်အစားလဲပြီး သူ မနက်စာစားဖို့ မုန့်ဆင်းဝယ်လိုက်တယ်

ကျွန်တော် မနက်စာပြင်ဆင်ပြီးတာနဲ့ အိပ်ခန်းထဲကို ဝင်ကြည့်လိုက်တယ်
တံခါးပိတ်သံကြားတော့ သူ နိုးလာပါတယ်

"ကလေး နိုးပြီလား"

"အင်း....ဦးက ရေတောင်ချိုးပြီးပြီလား"

"ပြီးပြီ
မနက်စာစားဖို့လည်း အဆင်သင့်ပဲ ထတော့"

"ဦးကလည်း....မီးက ရေတူတူချိုးချင်လို့ဟာကို"

"နောက်မှ တူတူချိုးမယ်
ကိုယ်လက်တွေ ကိုက်ခဲနေလား"

"ကိုက်ပါဘူး ဘာလို့လဲ "

"ကိုက်ခဲနေရင် အကိုက်အခဲပျောက်ဆေးတိုက်မလို့
အဲဒါဆို ဒီဆေးလေးပဲ သောက်လိုက်"

"ဘာဆေးလဲ မီး ဆေးမသောက်ချင်ဘူး"

"မသောက်လို့မရဘူး သောက်လိုက်....
အရေးပေါ်တားဆေး"

ဦး အတင်းသောက်ခိုင်းနေလို့ သောက်လိုက်ပြီး

"ဦး မီး အိမ်သာတက်ချင်လာလို့...... "

ကုတင်ပေါ်က ထပြီး ကိုယ်လုံးတီးလေးနဲ့ ရေချိုးခန်းကို ပြေးပါတယ်

"ကလေး ပြီးရင် ရေတခါတည်း ချိုးလိုက်နော်"

"ဟုတ်...."

"သဘက်ရောရှိလား အထဲမှာ"

"ရှိတယ်....."

အိမ်သာရေဆွဲချသံ ကြားပါတယ်

အိမ်သာတက်တာလည်း မြန်လှချည်လား

ကျွန်တော် ထမင်းစားပွဲကနေပဲ စောင့်နေလိုက်ပါတယ်

"ဦး ဗိုက်ဆာနေပြီလား"

"အင်း....လာ မြန်မြန်"

ကျွန်တော် ကြော်ထားတဲ့ ကြက်ဥကြော်နဲ့ ပေါင်မုန့်မီးကင်ကို ကြည့်ပြီး

ချစ်ရပါသော ......❤Where stories live. Discover now