Uni
ချိုတို့နဲ့ ညစာစားပြီး အိမ်ပြန်ရောက်တော့ ၉နာရီခွဲနေပါပြီ
အိမ်ထဲ ဝင်လိုက်တာနဲ့
"ဦး....ဘာလို့ ဖုန်းမကိုင်တာလဲ
လာ....ထမင်းစားမယ်
မီးတို့ စားဖို့ စောင့်နေတာ""ဦးက စားခဲ့ပြီ
သားရော စားပြီးပြီလား""မစားရသေးဘူး"
"ကိုယ့်ပါကိုယ် စားနှင့်ပါလားဘာလို့ ကလေးကို ခုချိန်ထိ မကျွေးဘဲ အငတ်ထားထားတာလဲ"
"ဦးနဲ့ အတူတူ စားချင်လို့ပေါ့"
မီးလေး စူပုပ်ပြီး ထမင်းဝိုင်းမှာ ထမင်းသွားစားပါတယ်
"သား.....ဘာနဲ့ စားမလဲ"
"ပုစွန်နဲ့ စားမယ်"
စိတ်ထဲမှာ တော်တော် ပေါက်ကွဲနေပေမဲ့ သားလေးကိုတော့ ထမင်း သေချာကျွေးလိုက်ပါတယ်
ထမင်းစားပြီး အပေါ်တက်လာတော့ ဦးရေချိုးခန်းထဲက ထွက်လာပါတယ်
"ဦး ဒီနေ့ ဘယ်သွားနေတာလဲ
ဖုန်းဆက်တော့လည်း မကိုင်ဘူး""ဘယ်သွားတယ် ဘာလုပ်တယ်ဆိုတာ အကုန်ပြန်ပြောပြနေရမှာလား"
"ဆိုင်ကို ဖုန်းဆက်ကြည့်တော့လည်း မလာဘူးတဲ့"
"မင်းက ဆိုင်ကိုပါ ဖုန်းဆက်ပြီး လျှောက်မေးရအောင် ဘာဖြစ်နေတာလဲ"
"ဦးမှ ဖုန်းမကိုင်တာ မေးကြည့်တာပေါ့
ပြီးတော့ မီးက ဦး မိန်းမလေ
မေးလို့ မရဘူးလား""မင်း အဲလိုတွေ လျှောက်မေးတော့ ဝန်ထမ်းတွေက ငါ့ကို ဘယ်လို ထင်မလဲ
ငါ မင်းတို့အပေါ်ကို ဘာတာဝန်မကျေတာ ရှိလို့လဲ""ဦးက ပြောလိုက်ရင် တာဝန် တာဝန်ဆိုတာချည်းပဲ
ဦးက မီးတို့မိသားစု မဟုတ်ဘူးလား
မီးကရော ဦးအတွက် ဘာမှအရေးမပါဘူးလား"မီးလေးတို့ တစ်ယောက်တစ်ခွန်းပြောရင်း အသံကျယ်လာပါတယ်
ဒေါ်ကြီးတို့လည်း အောက်ထပ်က ရန်ဖြစ်တဲ့အသံကြားပေမဲ့လည်း လင်မယားကြား ကြားဝင်ဖို့ ခက်နေပါတယ်
တစ်ခါမှ ရန်ကြီးကြီးကျယ်ကျယ် မဖြစ်ဘူးတော့ စိတ်တော့ပူနေကြပါတယ်