Uni
"ဟယ်လို"
"ဦး....နိုးပြီလား"
"အင်း...အခုမှနိုးတာ
ဘာလို့လဲ ""အိမ်ကို မလာသေးဘူးလား"
"ဟင်....အခုမှ ၆နာရီပဲ ရှိသေးတယ်
မင်းအဖေတောင် နိုးသေးလို့လား""အဖေက နေ့တိုင်း မနက်၅နာရီဆို လမ်းထလျှောက်တာ"
"သြော် ဟုတ်လား"
"ဦး မီးနဲ့ မနက်စာတူတူလာစားပါလား
စောင့်နေမယ်""အင်း....အဲဒါဆိုလည်း လာခဲ့မယ်"
မထချင်သေးသော်လည်း ထပြီး ရေချိုးပြင်ဆင်ရပါတယ်
အိမ်အောက်ဆင်းလာတော့"ဟင်....သား နိုးလာပြီလား
အမေက သားမနိုးလောက်သေးဘူးထင်လို့ မနက်စာတောင် မပြင်ရသေးဘူး""မပြင်နဲ့တော့ အမေ
ဟိုကလေး ခေါ်နေလို့ သွားတော့မယ်""သြော်....အေး...အေး"
အဖေနဲ့အမေက သူ့ကို ပြုံးစိစိနဲ့ ကြည့်နေပါတယ်
"အဖေ ကားမသုံးရင် ယူသွားမယ်နော်"
"အေး...ယူသွား"
ကျွန်တော့်ကား ခြံဝန်းထိပ်ရောက်တာနဲ့ ကလေးမ ပြေးထွက်လာပြီး တံခါးဖွင့်ပေးပါတယ်
"ကလေး ဘာဖြစ်လို့ ပြေးရတာလဲ"
"ဘာဖြစ်လို့လဲ ဦးရဲ့
ဦးစောင့်နေရမှာစိုးလို့လေ""အရေးကြီးတာမှ မဟုတ်တာ
မတော်လို့ ချော်လဲရင် မင်း နာမယ်လေ""ဟုတ်ကဲ့ပါ ဦးရဲ့"
အိမ်ထဲရောက်တာနဲ့
"ဟာ....ရှိန်းနေခ အစောကြီးပါလား"
"ဟုတ် အကို"
"အေး....မနက်စာ အတူလာစားလေ"
"ဟုတ်ကဲ့"
"ဦး လာ..."
မနက်စာစားလို့ပြီးတော့
"ဖေဖေ ဦးကို အလုပ်ခေါ်မသွားသေးဘူးမလား"
"အင်း...မသွားသေးဘူး
၁၀နါရီလောက်မှ သွားမယ်လေ""အဲဒါဆို ဦး မီးအခန်းထဲ လိုက်ခဲ့"