(31)

2.8K 73 1
                                    

Uni

"သမီး အိုဂျီမအပ်ရသေးဘူးမလား"

"မအပ်ရသေးဘူး"

"နောက်ရက်ကျ ဦးနဲ့ သွားပြလိုက်နော်"

"ဖေဖေက ပြန်သွားတော့မလို့လား"

"ပြန်လိုက်ဦးမယ် သမီးရယ်
သမီး မွေးခါနီး တစ်လအလိုကျရင် ပြန်လာခဲ့မယ်နော်"

"ဟာ....ဖေဖေကလည်း မီးကို တစ်ယောက်တည်း ထားခဲ့မလို့လား"

"သမီးရဲ့ဦး ရှိတယ်လေ"

"ဖေဖေပါရှိမှပေါ့"

"သမီးက မေမေဖြစ်တော့မှာကို ကလေးလို ချွဲနေတုန်းလား"

"သမီးက ကလေးကို မြန်မြန်မွေးချင်တယ်
အဲဒါမှ ကစားဖို့အဖော်ရမှာ"

"ဟားဟား..... ငါ့သမီးကတော့
ရှိန်းနေခ ထုံးစံအတိုင်း အကို့သမီးလေးကို ဂရုစိုက်ပေးပါဦးကွာ"

"ဟုတ်ကဲ့ပါ အကို"

"မင်း ကြည့်ရတာလည်း ကလေးရတာကို သိပ်မပျော်သလိုပဲ
အကို့တုန်းကဆို သမီးရှိပြီဆိုတာ သိတာနဲ့ ထခုန်မတတ်ဘဲ ပျော်နေတာ"

"မပျော်တာ မဟုတ်ပါဘူး အကို
ကျွန်တော်က အတွေ့အကြုံမရှိတော့ worryများနေတာ"

"အမလေးကွာ....ဆရာဝန်ညွှန်ကြားတဲ့အတိုင်းနေ ဖြစ်သွားမှာပေါ့
သမီး လိုတာရှိရင် အဖေ့ဆီ ဖုန်းဆက်ပြော ကြားလား"

"ဟုတ်ကဲ့ပါ"

"မင်း မိဘတွေရော မြေးလေး ရနေတာ သိပြီးပြီလား"

"မသိသေးဘူး အကို မပြောဖြစ်သေးဘူး"

"အေး ပြောလိုက်ဦး သူတို့လည်း တော်တော် ပျော်ကြမှာ"

"ဟုတ်ကဲ့"

ဦးမင်းဆက် သားသမီးတွေကို မှာကြားပြီး အလုပ်ရှိရာ ပြန်သွားပြန်ပါတယ်

အဖေတို့ကို ကလေးရှိကြောင်း ပြောပြတော့ အရမ်း ပျော်ကြပါတယ်
သူတို့တစ်သက် မြေးမချီရတော့ဘူး ထင်ထားရာကနေ မိသားစုဝင်အသစ်လေးတိုးတော့မယ်ဆိုတော့ ပျော်တာ အတိုင်းထက်အလွန်ပါပဲ

နောက်ရက်ကျတော့ မီလေးကို အိုဂျီသွားပြပါတယ်

ဆရာဝန်ပြပြီး ပြန်လာတော့

ချစ်ရပါသော ......❤Where stories live. Discover now