(38)

2.6K 61 2
                                    

Uni

မနေ့ညက မီးလေး ပန်းချီခန်းထဲမှာပဲ အိပ်ပျော်သွားပါတယ်
မနက်ရောက်လို့ အခန်းထဲ ပြန်ဝင်လာတော့

"ကလေး နိုးနေပြီလား"

"အင်း"

"ညက ကလေး ဘယ်အချိန် ဝင်လာမှန်းတောင် မသိလိုက်ဘူး"

ကိုယ့်မိန်းမ အတူအိပ်မှန်း မအိပ်မှန်းတောင် မသိပါဘူး

မီးလေး ဘာမှ ပြန်ပြောမနေဘဲ ရေချိုးခန်းထဲပဲ တန်းဝင်သွားလိုက်ပါတယ်
မနက်စာစားပြီး ထုံးစံအတိုင်း ကိုယ်စီအလုပ်နေရာတွေကို ထွက်သွားကြပါတယ်

ပိတ်ရက်ရောက်တော့

"မေမေကလေး ထတော့"

"အင်း ထပြီ သားလေး"

"ဒီနေ့ zooသွားမယ်နော်"

"သွားမယ်
မေမေနဲ့ ရေသွားချိုးမယ်
ပြီးရင် သွားကြမယ်နော်"

ရေချိုးခန်းထဲရောက်တော့

"ဖေဖေပါ လိုက်ရင် ကောင်းမယ်နော်"

"သူမှ မလိုက်ချင်တာ သားရယ်"

"မေမေကလေး ရေမြန်မြန်ချိုးပေး
သွားချင်ပြီ"

ရေချိုးပြင်ဆင်ပြီးတာနဲ့ အောက်ထပ် ဆင်းလာကြပါတယ်
ဦးလည်း နောက်ကနေ လိုက်ဆင်းလာပါတယ်

ဒေါ်ကြီးတို့ လင်မယားလည်း ထမင်းချိုင့်တွေ စားစရာတွေ ထုပ်ပိုးပြင်ဆင် ထားကြပါတယ်

"ကိုရှိန်း ထမင်းစားပွဲမှာ မနက်စာ ပြင်ပေးခဲ့တယ်နော်
နေ့လည်စာလည်း ချက်ထားတယ်"

"ဟုတ်ကဲ့ ဒေါ်ကြီး
ဒေါ်ကြီးတို့ပါ လိုက်သွားမှာလား"

"ဟုတ်တယ်"

"အင်း....
သား အရမ်း မပြေးနဲ့နော်
ကလေးရော သားရော ဦးထုပ်ဆောင်းသွားကြ
နေပူရင် နေမကောင်းဖြစ်မယ်"

"ဟုတ်ကဲ့ ဖေဖေ"

အိမ်ကလူတွေ အကုန်လိုက်တာတောင် သူလိုက်မယ် တစ်ခွန်း မပြောဘူး
တော်တော်ဆိုးတဲ့ လူကြီး

မီးလေး တစ်ယောက်တည်း တွေးရင်း ဒေါပွနေပါတယ်

အားလုံးထွက်သွားကြတော့ ကျွန်တော် တစ်ယောက်တည်း တိတ်ဆိတ်ပြီး ကျန်ခဲ့ပါတယ်
အမေတို့အိမ်သွားရင်လည်း မီးလေးနဲ့သား မပါရင် အဆူခံရဦးမယ်
အိမ်မှာလည်း ဒေါ်ကြီးတို့ ချက်ပြုတ်ပေးခဲ့တာမို့ ရုပ်ရှင်ကြည့်ရင်း အေးအေးဆေးဆေးပဲ နားနေလိုက်ပါတယ်

ချစ်ရပါသော ......❤Where stories live. Discover now