Uni
ကျွန်တော် နိုးလာတော့ ရင်ဘတ်ပေါ်မှာ ကလေးမ မှောက်လျက်လေး အိပ်ပျော်နေပါတယ်
"ကလေး ခဏဖယ်ဦး"
ကျွန်တော် လှုပ်နှိုးလိုက်တော့
"ဦးက ဘယ်သွားမလို့လဲ"
ဖယ်မပေးဘဲ အတင်း ဖက်ထားပါတယ်
"ဦး ရှူးပေါက်ချင်လို့
ခဏဖယ်ဦး""ဦးကလည်း....အလုပ်ကို ရှုပ်တယ်"
"မင်း ဖယ်မပေးရင် တွန်းချလိုက်တော့မယ်နော်"
စူစူပုပ်ပုပ်နဲ့ ဘေးကို လှိမ့်ဆင်းသွားပါတယ်
ကျွန်တော် သန့်စင်ခန်းကနေ ထွက်လာတော့
"ဦးက ဒီနေ့ အလုပ်သွားမှာလား"
"ဒီနေ့တော့ မသွားပါဘူး
မနက်ဖြန်မှ စသွားမယ်လေ""ဦး....မီး ဗိုက်ဆာနေပြီ"
"အင်း....အောက်က ဘာဂါဆိုင်မှာ သွားဝယ်ပေးမယ်
ချိစ်ဘာဂါပဲမလား""ဦးက မီးအတွက် တကယ် သွားဝယ်ပေးမလို့လား"
"အင်း သွားဝယ်ပေးမယ်လေ"
"ဘာဖြစ်လို့ သွားဝယ်ပေးမှာလဲ"
"ဗိုက်ဆာတယ်ဆိုလို့လေ"
ဦးက ပြောပြီးတာနဲ့ ထွက်သွားပါတယ်
"ကြားချင်တာကို ဘယ်တော့မှ မပြောနဲ့ သိလား"
တစ်ယောက်တည်း ပွစိပွစိ ပြောရင်း ကျန်ခဲ့ပါတယ်
ဦးပြန်တက်မလာခင် မြန်မြန်ရေချိုးပြီး အဝတ်အစားလဲလိုက်ပါတယ်
"ကလေး ထွက်လာတော့"
"ဟုတ် လာပြီ"
မီးလေးထွက်လာတော့ ဦးက ထမင်းစားပွဲမှာ ထိုင်စောင့်နေပါတယ်
"ဦး...."
"ဟင်...."
"ဦးကို ဖက်ချင်တယ်"
"ဘာလို့ ဖက်မှာလဲ"
"ချစ်လို့ပေါ့ ဦးရဲ့"
"ကဲပါ...ထိုင်
စားစရာရှိတာ စား
ဗိုက်ဆာတယ်ဆို"ဦးက စကားလမ်းကြောင်းလွှဲပစ်လိုက်ပါတယ်
ဒါပေမဲ့ ဦးရဲ့မျက်နှာမှာ ရှက်သွားတဲ့ အရိပ်အယောင်တော့ တွေ့လိုက်ရပါတယ်