Uni
ကျွန်တော် ညက အခန်းထဲ ပြန်မအိပ်ဖြစ်ဘဲ အလုပ်စားပွဲပေါ်မှာပဲ မှောက်အိပ်ဖြစ်သွားတယ်
မနက်နိုးလာတော့ တစ်အိမ်လုံး တိတ်ဆိတ်နေပါတယ်မျက်နှာသစ်ဖို့ အခန်းထဲ ဝင်လိုက်တော့လည်း ကလေးကို မတွေ့ပါဘူး
မျက်နှာသစ်ပြီး အောက်ထပ်ကို ဆင်းလာခဲ့ပါတယ်ထမင်းစားပွဲရောက်တော့ ဒေါ်ကြီးက မနက်စာပြင်ပေးပါတယ်
"ကလေးရော စားပြီးပြီလား"
"ပြီးပြီ
စျေးသွားတော့မလို့ စားပြီးရင် ပန်းကန်တွေကို ဇကာနဲ့ အုပ်ထားလိုက်နော်""ဟုတ်ကဲ့
ဦးကြီး လိုက်ပို့မှာလား""ဟုတ်တယ်"
ကျွန်တော် ကလေး ဘယ်သွားလဲတောင် မမေးလိုက်ရသေးခင် ဒေါ်ကြီးက ထွက်သွားပါတယ်
မနက်စာစားပြီးတော့ ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိ ယောင်လည်လည်နဲ့ အပေါ်ပြန်တက်လာလိုက်ပါတယ်
အမေတို့ဆီ သွားလိုသွားငြား ဖုန်းဆက်ကြည့်လိုက်ပါတယ်"ဟယ်လို အမေ"
"အေး...ပြော"
"အမေတို့ ဘာလုပ်နေလဲ"
"နင့်အဖေ အဝတ်အစားဝယ်မယ်ဆိုလို့ ကုန်တိုက်ရောက်နေတာ
ဘာဖြစ်လို့လဲ အိမ်လာမလို့လား""မလာပါဘူး
အေးဆေး ဝယ်ပါ
နောက်မှ လာမယ်"အမေတို့ဆီ သွားတာလည်း မဟုတ်ဘူး
သူ့ဖုန်းကို ခေါ်ကြည့်လိုက်ပါတယ်
ဖုန်းပြန်မကိုင်ပါဘူးဘယ်သွားပြန်တာလဲ
သူ့အဖေကလည်း ထွက်သွားကတည်းက ဖုန်းတောင် တစ်ခါမှ မဆက်ဘူး
သူ့အဖေနဲ့တုန်းကရော ဒီလိုပဲ လွတ်လပ်ခွင့်ပေးထားတာလားတောင်တွေးမြောက်တွေးနဲ့ ထိုင်မရထမရ ဖြစ်နေပါတယ်
နောက်ဆုံး ကုတင်ပေါ်မှာ လှဲပြီး မျက်လုံးမှိတ်ထားလိုက်ပါတယ်ညက သက်တောင့်သက်သာမအိပ်ရလို့လား မသိဘူး မှေးကနဲ အိပ်ပျော်သွားပါတယ်
"ဦး.....ဦး...."
"ဟင်....ကလေး.....ဘယ်ကပြန်လာတာလဲ"