Uni
ဒီနေ့ ကလေးတွေကို ပြန်သွားခေါ်ရမဲ့နေ့ပါ
ကျွန်တော် မနက်အစောကြီး နိုးနေပါတယ်
စောစောစီးစီး ရေချိုးပြီး သေချာ ဖြီးလိမ်းပြင်ဆင်လိုက်တယ်
ကလေးကြိုက်တဲ့ ရေမွှေးလေးပါ ဆွတ်လိုက်သေးတယ်ကျွန်တော် အောက်ထပ် ဆင်းလာတော့ ဦးမင်းဆက် လမ်းလျှောက်ပြီး ပြန်လာပါတယ်
"ဟာ.....ရှိန်းနေခ စောစောစီးစီး ရှိုးအပြည့်နဲ့ မွှေးကြိုင်နေပါလား
ဘယ်သွားမလို့လဲ""ကလေးတို့ကို သွားခေါ်မလို့ပါ"
"သြော်....မိန်းမကို ပြန်သွားခေါ်တာ အဲလိုပြင်ဆင်သွားရတာလား"
"ဗျာ...."
"ဟားဟား.... စတာပါကွာ"
ဦးမင်းဆက် ပြောလိုက်တော့ ကျွန်တော် လုပ်တာ အိုဗာများဖြစ်နေပြီလားဆိုပြီး နည်းနည်းတော့ ရှက်သွားပါတယ်
"အကိုတို့လည်း လိုက်ခဲ့မယ်
ခဏစောင့်...""ဟုတ်ကဲ့
ကျွန်တော် မနက်စာစားဖို့ပါ စောင့်နေမယ်""အေး..အေး"
ဦးမင်းဆက်တို့ ရေချိုးပြင်ဆင်ပြီးတော့ မနက်စာ အတူစားကြပါတယ်
မနက်စာစားပြီးတာနဲ့ စထွက်ကြပါတယ်
"အကို ဘာဂါဆိုင် ခဏဝင်မယ်နော်
ကလေးတွေအတွက် ဝယ်မလို့""သူတို့က မနက်စာစားပြီးလောက်ရောပေါ့"
"သူတို့က ဘာဂါဆိုရင် အချိန်မရွေးစားတယ်
သူတို့က ဘာဂါ အရမ်း ကြိုက်တာ""အေးပါကွာ ဝယ်....ဝယ်"
ဘာဂါဝယ်ပြီးတာနဲ့ ဂေဟာကို ဆက်သွားကြပါတယ်
"ဝေးတော့ ဝေးသားပဲ
ငါ့သမီး ဘယ်လို သိတာလဲ မသိဘူး
အသွားတုန်းကရော မင်းလိုက်ပို့တာလား""မဟုတ်ဘူး
သူ့ဘာသာ သွားတာ"ဂေဟာရှေ့ရောက်တော့ ကလေးတို့သားအမိ အထုပ်ကလေးတွေနဲ့ ထွက်စောင့်နေပါတယ်
ကျွန်တော်တို့ ကားပေါ်က ဆင်းခေါ်တော့ ကလေးက သူ့အဖေကို ပြေးဖက်ပါတယ်
သားလေးကတော့ ကျွန်တော့်ဆီ ပြေးလာပါတယ်