နောက်နေ့မနက်ရောက်တော့ ကျွန်တော့်မိဘတွေ ဆေးရုံလာကြပါတယ်
"သမီးလေး နေကောင်းရဲ့လား"
"ဟုတ် ကောင်းတယ် အမေ
အိပ်ရေးပဲ မဝတာ""ဟုတ်လား
ဘာဖြစ်လို့လဲ""မီး အိပ်ကောင်းနေတုန်း ကလေး နို့ဆာလို့ ထတိုက်ရတာ"
"သြော်....ကလေးငယ်သေးရင် အဲလိုပဲ အိပ်ရေးတော့ပျက်တယ်"
"ခွဲထားတာကရော....."
" ခွဲထားတာက မနာတော့ပါဘူး
ဆရာဝန်က တစ်ပတ်လောက်နေမှ ခွဲထားတဲ့အနာ ကျက်မကျက်ပေါ်မူတည်ပြီး ဆေးရုံဆင်းရမယ်တဲ့""အေး....အေး
ဆေးရုံမှာ အေးဆေး အနားယူဦးပေါ့
သမီးက ခွဲမွေးထားတာဆိုပေမဲ့လည်း မီးနေသည်ပဲ နွေးနွေးထွေးထွေးနေရမယ်နော်
နို့ထွက်အောင်လည်း ဟင်းရည်များများသောက်""ဟုတ်ကဲ့ အမေ"
"သား....သမီးလေးကို ဂရုစိုက်နော်
သွေးနုသားနုအချိန်မှာ အော်ဟစ်မနေနဲ့ဦး""ဟုတ်ကဲ့ပါ အမေရဲ့ စိတ်ချပါ"
ဒေါ်ကြီးက သားလေးချီလာပြပါတယ်
"ဟာ...ဘွားမြေးလေး
ချစ်စရာလေး ဝဝကစ်ကစ်လေး ""အမေ သားလေးက ဦးနဲ့ တူတယ်မလား"
"သားနဲ့လည်း တူတယ်
သမီးနဲ့လည်း တူတယ်""မီးက ဦးနဲ့ပဲ တူစေချင်တာ"
"ကြီးလာရင် ပိုတူလာမှာပါ"
အမေတို့ကတော့ အသက်ကြီးမှ ရလာတဲ့ မြေးလေးကို ကြည့်ပြီး ပီတိဖြစ်နေကြပါတယ်
နောက်နေ့မှာတော့ မီးလေး သူငယ်ချင်းတွေ ဆေးရုံလာကြပါတယ်
"မီးလေး "
"ဟယ်....နင်တို့ ဘယ်လို သိတာလဲ"
"နင့်ဖုန်း ခေါ်မရလို့ ဦးဆီ ဖုန်းဆက်လိုက်လို့ သိရတာ"
"အေး....ငါ ဆေးရုံရောက်ကတည်းက ဖုန်းတောင်မကိုင်နိုင်ဘူး"
"နင့်သားလေးက ချစ်စရာလေးဟယ်"
"ဟုတ်ပါ့ ဝကစ်နေတာပဲ"
"ဦးနဲ့ တူတယ်မလား"