Uni
ချို့ဘေးကနေ ဖြတ်လျှောက်လိုက်တော့
"မောင်....အလုပ်ကိစ္စနဲ့လာတာလား"
"မင်း ငါ့ကို အရှက်ခွဲဦးမလို့လား"
"ဟမ်..."
ချို့ကို လှည့်တောင် မကြည့်ဘဲ ဒေါသတကြီးနဲ့ မောင် ထွက်သွားပါတယ်
.........................................
ညနေ အိမ်ပြန်ရောက်ချိန်မှာတော့"မောင် အစောကြီး ပြန်ရောက်နေတာလား"
"မင်းက အဲဒီလောက်တောင် ဖြစ်နေပြီလား"
"ဘာကိုလဲ"
"ဟိုတယ်သွားတဲ့အဆင့်တောင် ဖြစ်နေပြီလားလို့"
နေ့လည်က ဟိုတယ်ခန်းထဲကနေ သူဌေးမရဲ့ ဒရိုင်ဘာနဲ့အတူ ထွက်လာတာကို မောင် အထင်လွဲနေတာပဲ
သူဌေးမက ခိုင်းစရာရှိလို့ ဟိုတယ်ကို ခေါ်ပြီး ဒရိုင်ဘာနဲ့အတူ သွားခိုင်းတာပါ
မောင် အထင်လွဲလက်စနဲ့ လွဲပါစေတော့
အဲဒါမှ ကွာရှင်းဖို့ကိစ္စ မြန်မြန် အထမြောက်မှာ"သွားတော့ ဘာဖြစ်လို့လဲ"
"မင်းနဲ့ ငါက မကွာရှင်းရသေးဘူးလေ"
"နောက်လည်း ကွာရှင်းတော့မှာပဲ အချိန်နည်းနည်းစောပြီး ဟိုတယ်သွားလို့ မရဘူးလား"
"ဘာ....."
"စိတ်မဆင်းရဲချင်ရင် မြန်မြန် ကွာရှင်းပေးလိုက်"
"မင်းကို ဘယ်သူက ကွာပေးမယ် ပြောလို့လဲ"
"ဒါဆိုလည်း မျက်စိစုံမှိတ်နေလိုက်ပေါ့
ခဏခဏတော့ ပြသနာလာမရှာနဲ့နော် နားညည်းတယ်""မင်းတို့ကို တရားစွဲမယ်"
"တရားစွဲမဲ့အစား ကွာရှင်းပေးလိုက်စမ်းပါ
လိုချင်သလောက် ငွေအမောက် ရစေရမယ်""မင်း ငါ့ကို တော်တော် စော်ကားပါလား
မင်း ငွေမက်ပေမဲ့ ငါ ငွေမမက်ဘူး""ဟုတ်တယ် ချိုက ငွေမက်တယ်
အဲဒါကြောင့် ချိုမက်မောတဲ့ ငွေတွေ ရှိရာဆီပဲ သွားတော့မယ်""နောက်ဆုံးတော့ မင်း အဖြေက ဒါပဲလား"
ချို ဘာမှဆက်မပြောဘဲ အိပ်ခန်းထဲ ဝင်သွားပါတယ်