(35)

2.6K 57 0
                                    

Uni

"ဦး...."

"အင်း....ပြော"

"မီး နောက်အပတ်ကျ ပိုးထည်တိုက်သွားပြီး အလုပ်လုပ်တော့မယ်"

"ဟာ....ဘယ်ဖြစ်မလဲ
ဗိုက်ခွဲထားတာက အနေအထိုင်ဆင်ခြင်မှ ရမှာ​ကို"

"ဦးကလည်း ခွဲထားတာ နှစ်လတောင်ရှိနေပြီ
အနာလည်း ကျက်နေပါပြီ"

"ကလေးကရော ဘယ်လိုလုပ်မှာလဲ"

"ခဏပဲ သွားမှာဟာ ထားခဲ့မှာပေါ့"

"သားရေ မင်းအမေက မင်းကို ထားခဲ့မယ်တဲ့
ဘယ်လိုလုပ်မလဲ"

သားက ကျွန်တော့်ကို ကြည့်ပြီး ရယ်ပြပါတယ်

"သူ့အဖေကျ ရယ်ပြနေတယ်
ငါ့ကျ တစ်နေ့လုံး ငိုပဲပြနေတယ်"

"ဦးနဲ့က ခဏပဲ တွေ့ရတာကိုး
ကလေးနဲ့က တစ်နေ့လုံး တွေ့နေရတော့ ဒီလိုပဲပေါ့
မင်းပဲ သားလေးမွေးလာရင် အဖော်ရပြီဆို"

"အဲဒါက သူစကားပြောတတ်မှ အဖော်ရမှာပေါ့
အခုက ဗိုက်ဆာဖို့နဲ့ ငိုဖို့ပဲ တတ်တယ်"

"ကလေးက သားထက်တောင် ပိုပြီး ဗိုလ်ကျချင်နေတယ်"

"ဦး....မီး တကယ် ပျင်းနေပြီ
ပြီးတော့ ကျောင်းပြီးရင် ပန်းချီပြခန်းဖွင့်ဖို့ စီစဥ်ထားတာလည်း ရှိသေးတယ်"

"သွားလို့ မင်း တစ်ခုခုဖြစ်ရင် မင်းအဖေက ငါ့ကို ပြောလိမ့်မယ်
ငါ့ကို စိတ်ချထားခဲ့တာ"

"ဦးက မီးကို စိတ်ပူတာ မဟုတ်ဘဲ တာဝန်သိတတ်တာပေါ့လေ"

မီးလေး ပြောပြီးတာနဲ့ ငိုပါတယ်

"ကလေးရယ် မငိုပါနဲ့
ငိုစရာကိစ္စလည်း မဟုတ်ဘဲနဲ့"

"မသိဘူး
ငိုမှာပဲ"

"ဒီလိုလုပ်
ကလေး ဆိုင်သွားချင်ရင် ဦးနဲ့တူတူသွားမယ်
ခါတိုင်းလည်း ဦး ဆိုင်သွားပေးနေကျပဲဆိုတော့
ဦး သွားတဲ့အချိန်အတူတူ လိုက်ခဲ့
ပြီးတော့ ပန်းချီပြခန်းအတွက်က ကလေး အားတုန်းပန်းချီတွေ အရင် ဆွဲထားနှင့်လေ
၆လပြည့်ရင် ဆိုင်အပေါ်ထပ်ကို ပြင်ဆင်ပြီး ပြခန်းတန်းဖွင့်လို့ရတာပဲ"

"အင်း....ပြီးရော"

"ပန်းချီဆွဲဖို့ ပစ္စည်းတွေ မနက်ဖြန် ဦး အောက်ချပေးမယ်နော်"

ချစ်ရပါသော ......❤Where stories live. Discover now