Uni
"ကလေး ဆိုင်သွားတော့မလား"
"အင်း....ခဏနေရင် သွားမယ်"
"အဲဒါဆို ဦး လိုက်ပို့ပေးမယ်လေ"
"ဦးက သဘောကောင်းနေပါလား"
"ကလေး ဦးကို စိတ်ကောက်နေသလားလို့ပါ"
"ဟင်း.....သိသေးလို့ တော်သေးတာပေါ့"
"သိပါတယ် ကလေးရယ်"
"လိုက်ပို့ရုံလောက်နဲ့ မရဘူးနော်
breakfastပါ လိုက်ကျွေးရမယ်""အင်း.....ဆိုင်သွားရင်း ဝင်စားမယ်လေ"
"သားကို အဝတ်အစားလဲပြီးရင် ပြီးပြီ
ခဏစောင့်""အောက်မှာ စောင့်နေမယ်"
"သားရေ.....
ဖေဖေက မုန့်သွားစားမယ်တဲ့
မြန်မြန်လုပ်""ဟုတ်ကဲ့ မေမေ"
သားနဲ့မီးလေး ပြင်ဆင်ပြီး ဆင်းလာကြပါတယ်
"သမီးတို့ ဘာစားမလဲ
ဒေါ်ကြီး ဘာဝယ်ပေးရမလဲ""မဝယ်နဲ့တော့
ဒီနေ့ ဦး လိုက်ဝယ်ကျွေးမယ်တဲ့""ဟုတ်လား"
"ဟုတ်တယ် ဘွားဘွား"
"အဲဒါကြောင့် ငါ့မြေးလေးက တက်ကြွနေတာပေါ့လေ"
"ဟုတ်တယ်"
မီးလေးနဲ့သား ခုန်ပေါက်ပြီး ကားပေါ်တက်သွားကြပါတယ်
"ဦး မီးတို့ စားနေကျ ဟမ်ဘာဂါဆိုင်နော်"
"ဟုတ်ကဲ့ပါဗျာ"
"ဒီနေ့တော့ ဖေဖေ is the bestပဲ"
"ဟားဟား.... ငါ့သားကတော့"
စားသောက်ဆိုင်ရောက်တော့ မီးလေးတို့ စားနေကျမုန့်တွေ မှာပေးပါတယ်
"ဦးက မီးတို့ကို ပို့ပြီး ဆိုင်သွားမှာလား"
"အင်း"
"ဘာဖြစ်လို့လဲ"
"ဦး ဒီနေ့ ဝတ်ထားတဲ့ဒီဇိုင်းက တစ်မျိုးဖြစ်နေလို့ မေးကြည့်တာ"
"ဘာဖြစ်နေလို့လဲ"
"ဘုန်းကြီးကျောင်းတို့ ဘာတို့ သွားမဲ့ပုံစံမျိုး ဝတ်ထားလို့"