(11)

2.4K 53 0
                                    

Uni

"ဒေါက် ဒေါက်.....
ဦး.....
ဝင်ခဲ့မယ်နော်...."

တံခါးဖွင့်ဝင်လာတော့ ဦးက အဝတ်အစားလဲနေပါတယ်

"ဦး.... နိုးနေပြီလား "

"အင်း"

အဝတ်အစားလဲတာကို ထိုင်ကြည့်နေတော့

"ဘာပြောမလို့လဲ"

"မနက်စာစားဖို့ လာခေါ်တာပါ"

"အင်း....လာခဲ့မယ်"

"....."

"သွားတော့လေ....
ငါ ဘောင်းဘီလဲမလို့"

"လဲလေ... ဦးကလည်း....အတင်းနှင်လွှတ်နေတယ်
ဘောင်းဘီဝတ်တာ အထူးအဆန်းကျလို့"

"ငါ မနေတတ်ဘူး
သွားတော့.....လာခဲ့မယ်"

"နောက်ကျရင်လည်း အတူတူ နေရမှာပဲကို"

"နောက်မှ နောက်ရောက်ရားပဲ....
အခု သွားတော့
ငါ နောက်ကျတော့မယ်"

ကလေးမ ထွက်သွားတော့မှ ဘာကို ရှက်လို့ ရှက်နေမှန်းမသိတဲ့ ကိုယ့်ပါကိုယ် ရယ်ချင်မိတယ်
အဝတ်အစားလဲပြီး ထမင်းစားပွဲ ထွက်လာခဲ့တယ်
စားပွဲပေါ်မှာ ခေါက်ဆွဲပြုတ်နဲ့ ကော်ဖီပြင်ထားပါတယ်

"ဒီနေ့တော့ အဆင်ပြေတယ်မလား ဦး...."

"အင်း...ပြေတယ်
နောက်နေ့ မလုပ်ထားပေးနဲ့ ရတယ် ရုံးနားမှာ စားလည်း ရတယ်"

"ဦး ဆန်ပြုတ်ရော စားလား
စားရင် မနက်ဖြန်ကျရင် ဆန်ပြုတ်ပြုတ်ထားပေးမယ်"

"အင်း...စားပါတယ်"

ရေသောက်ချင်လို့ ရေခဲသေတ္တာဖွင့်လိုက်တော့ စားစရာတွေ အပြည့်ထည့်ထားတာ တွေ့ပါတယ်

"စားစရာတွေ အများကြီး ဝယ်ထားတာလား"

"အင်း....ဟုတ်တယ်
မီး ပြန်သွားလည်း ဦးအဆင်သင့်စားလို့ရအောင်"

"ပိုက်ဆံအများကြီး ကုန်မှာပဲ
ဦး ပြန်ပေးမယ် ဘယ်လောက်ကျလဲ"

"မပေးပါနဲ့ ဦးကလည်း...."

"မင်း မုန့်ဖိုးတွေ လျော့သွားမှာပေါ့"

"ရပါတယ် မလောက်တော့မှ ပြန်ပေး
ဦး ​စားပြီးရင် သွားတော့
​စောစောထွက်ပြီး ဖြည်းဖြည်း သွား
ဦးကြည့်ရတာ မောတယ်"

ချစ်ရပါသော ......❤Where stories live. Discover now