Uni
နောက်နေ့မနက် ကျွန်တော်နိုးလာတော့ ဘေးမှာ သားကို မတွေ့ပါဘူး
ကျွန်တော်လည်း မြန်မြန်ထပြီး ရေချိုးခန်းထဲကို အရင်ကြည့်လိုက်ပါတယ်
မရှိပါဘူး
ကျွန်တော်လည်း စိတ်ပူသွားပြီး ပန်းချီခန်းဘက်ကို ပြေးသွားလိုက်ပါတယ်"သား...."
"ဖေဖေ....
မေမေကလေးလည်း မရှိဘူး.......ဟင့်.......ဟင့်""သားရယ် ဖေဖေ့ကို မနှိုးဘဲ ဘာလို့ တစ်ယောက်တည်း လျှောက်သွားနေတာလဲ
မငိုနဲ့
ဖေဖေ မေမေ့ကို ရှာပေးမယ်နော်"ကျွန်တော် သားကို ချီပြီး အိပ်ခန်းကို ပြန်လာပါတယ်
သားကို အရင် ရေချိုးပေးပြီး ကျွန်တော်လည်း ရေချိုးလိုက်ပါတယ်ကျွန်တော်တို့ မနက်စာစားဖို့ ဆင်းလာကြပါတယ်
"သားလေး....ဘွားဘွား ပြင်ပေးထားတဲ့မုန့်ကြိုက်လား
ဘာစားမလဲ""ဟမ်ဘာဂါ"
"သားကလည်း ဒါပဲစားပါ
လူကြီးအလုပ်ရှုပ်အောင်""ဟုတ်ကဲ့"
သားလေးလည်း ကလေးပေမဲ့ စိတ်ရှုပ်နေပုံပါပဲ
ကျွန်တော့်ကို ဘာမှပြန်မပြောဘဲ ပြင်ပေးထားတဲ့ မုန့်ကိုပဲ စားပါတယ်"သား ဖေဖေပြန်လာရင် ဟမ်ဘာဂါရော chocopieရော ဝယ်လာမယ်နော်"
"......"
"ဟိုလေ.....ကိုရှိန်း
စိတ်တော့မဆိုးနဲ့ ဒေါ်ကြီး တစ်ခုလောက် ပြောပါရစေ""ဟုတ်ကဲ့ ပြောပါ ဒေါ်ကြီး"
"ဒီနေ့တော့ ကလေးကို ကိုရှိန်းနဲ့အတူ ခေါ်သွားမှ ဖြစ်မယ်ထင်တယ်
ဒေါ်ကြီးတို့နဲ့ ဖြစ်မှာ မဟုတ်ဘူး
မနေ့ကလည်း ထမင်း ချော့ကျွေးတာ မစားဘူး""ဟုတ်လား
စောစောကတော့ မပြောဘူး
အဲဒါဆိုလည်း ခေါ်သွားမယ်
သား ဖေဖေနဲ့ ဆိုင်သွားမယ်နော်
လမ်းမှာ ဟမ်ဘာဂါ ဝယ်ကျွေးမယ်
ဒါကြီး မစားချင်လည်း မစားနဲ့""ဖေဖေ သားသားက အနီရောင်အင်္ကျီလေး ဝတ်မှာ"
"ဒေါ်ကြီး သူပြောတာ သိလား"
"သိတယ်
သူ ကြိုက်တဲ့ အင်္ကျီလေး""သွားလဲပေးလိုက်ပါဗျာ
ပြီးရင် ဆိုင်သွားတော့မယ်"