(7)

3K 56 0
                                    

Uni

"နှင်းဆီမင်းဆက်"

"လန့်လိုက်တာ ဟယ်
ဆရာ ထင်လို့"

"နာမည်ခေါ်တာပဲ ဘာလန့်စရာ ရှိလို့လဲ"

"ငါ့ကို သူငယ်ချင်းတိုင်းက မီးလေးပဲ ခေါ်တာလေ"

"ဟုတ်တယ် သူ့ကို အိမ်နာမည် မီးလေးလို့ပဲ ခေါ်ကြတာ"

"ဘာဖြစ်လို့လဲ"

"ငါ့အဖေ နာမည်က ဦးမင်းဆက်
အမေနာမည်က ဒေါ်နှင်းဆီ
ငါ့ကို သူတို့သမီးမို့လို့ နှင်းဆီမင်းဆက်လို့ ပေးထားတာ
ငါ့မှာ ကိုယ်ပိုင်နာမည်ရယ် လို့တောင် မရှိဘူး
အဲဒါကြောင့် အိမ်နာမည် မီးလေးလို့ပဲ ခေါ်ခိုင်းတာ"

"သြော်....အဲ့လိုလား"

"ဟုတ်တယ် ကိုဖြိုးရေ နင်က ငါတို့နဲ့အခုမှ ခင်လို့ မသိတာ"

"အေးပါဟာ အခု သိပါပြီ နောက်ဆို မီးလေးလို့ပဲခေါ်မယ်"

"မီးလေး ဒီအပါတ်Sunday BBQသွားစားရအောင်
နင့်အဖေဆီက မုန့်ဖိုးတောင်းလိုက်"

"ဒီအပါတ် မအားဘူးဟ
သွားလို့မရဘူး"

"ဟာ...နင်ကလည်း....ဘာဖြစ်လို့လဲ"

"ထုံးစံအတိုင်း သွားတွေ့ရမယ်"

"နင့် ဖူးစာဖက် ရွေးချယ်ပွဲကြီးက မပြီးသေးဘူးလားဟယ်"

"ဖူးစာဖက် ရွေးတာ မဟုတ်ပါဘူးဟယ်
အဖေ သဘောကျတဲ့သူတွေကို သွားတွေ့ရတာပါ"

"နင်ကလည်း ခုချိန်ထိ သဘောကျတဲ့သူ မတွေ့သေးဘူးလား"

"ဘယ်လိုလုပ်တွေ့မလဲ
အဖေ ရွေးတာတွေက သူ့စီးပွားရေးအတွက် ဦးစားပေးရွေးတာလေ
စီးပွားရေးသမားတွေဆိုတော့ ရုပ်တွေကလည်း မချော၊နူးနူးညံ့ညံ့လည်း မရှိဘူး
မကြိုက်ပါဘူး"

"​ယောကျ်ားလေးက ဘယ်လိုနူးညံ့မှာလဲ နင်ကလည်း....."

"စိတ်သဘောထား ကောင်းတာကို ပြောတာလေ
ငါက အနုပညာသမားဆိုတော့ စိတ်ထားပျော့ပြောင်းတာပဲ ကြိုက်တယ်"

"အမလေးဟယ်.... နင့်စိတ်ကြိုက်ရှိပါဦးမလား
အခုပဲ သွားသွားတွေ့နေတာ အယောက်၂၀လောက်ရှိနေပြီမလား"

ချစ်ရပါသော ......❤Where stories live. Discover now