Uni
ဒီနေ့ ဦးနဲ့ shopping သွားရမှာမို့ မီးလေး စောစောစီးစီး နိုးနေပါတယ်
မီးလေး အိပ်ရာပေါ်က ထလိုက်တော့"ကလေး နိုးနေပြီလား "
"အင်း....ဦး မထသေးဘူးလား"
"နားရက်လေး အိပ်ဦးမယ်လေ"
"ဦးကလည်း ထပါတော့
shopping သွားမယ်လေ""Shopping centerတွေက အစောကြီး မဖွင့်ပါဘူး
ကလေးလည်း ပြန်အိပ်ဦး""ဦးကလည်း.... breakfastအပြင်မှာ စားမယ်လေ
ရေချိုး ပြင်ဆင်ဦးမှာနဲ့ဆိုရင် အတော်လောက်ပဲမလား""ကလေးကလည်းကွာ"
"ထတော့ကွာ ဦး"
မီးလေး ဦးလက်ကိုဆွဲပြီး ထူလိုက်ပါတယ်
ဦးက ထမလာဘဲ မီးလေးကို ပုခုံးကနေ ပြန်ဆွဲပါတယ်
မီးလေး ဟန်ချက်ပျက်ပြီး ဦးရင်ဘတ်ပေါ် မှောက်ခုံကျသွားပါတယ်
ဦးက ခါးကို ဖက်ထားတော့ မီးလေး ပြန်ထလို့မရတော့ပါဘူး"ဦးကလည်း.... လွှတ်ပါ
ထပါဆိုမှ"မီးလေး ဦးရင်ခွင်ထဲရောက်နေတော့ ရင်တွေ တဒိတ်ဒိတ်ခုန်နေပါတယ်
ဦးဆီကတော့ ဘာရင်ခုန်သံမှ မကြားရပါဘူး
သေချာအောင် ဦးနှလုံးနေရာကို နားကပ်ပြီး နားထောင်ကြည့်ပါတယ်
ပုံမှန် နှလုံးခုန်သံပါပဲဦးက ခါးကို ဖက်ထားရာကနေ လက်တစ်ဖက်က ပုခုံးကို ဖက်ပြီး လက်တစ်ဖက်က ခေါင်းလေးကို ပွတ်ပေးနေပါတယ်
"ကလေး နောက်နာရီဝက်လောက်ပဲ ထပ်အိပ်ရအောင်နော်"
မီးလေး ဦးရင်ခွင်ထဲမှာ ဒီလိုနေရတာလေးကို ကြိုက်လို့ ဆက်မငြင်းတော့ပါဘူး
ခဏကြာတော့ ဦး ပြန်အိပ်ပျော်သွားပါတယ်
"တကယ် အိပ်ချင်နေတာပဲ"
မီးလေးလည်း ငြိမ်နေရင်း မှေးကနဲ ပြန်အိပ်ပျော်သွားပါတယ်
"ကလေး ထတော့
၈နာရီ ထိုးပြီ""ဟင်....အင်း ထမယ်"
ဦး အရင် ရေသွားချိုးပါတယ်
ဦး ပြန်ထွက်လာတော့ မီးလေးဦးကို စိုက်ကြည့်နေမိတယ်"ကလေး ဘာကြည့်နေတာလဲ
ရေသွားချိုးလေ""ဦးက အသားတော်တော်ဖြူတယ်နော်
ဘာမှမဟုတ်ဘူး မီး မှတ်မိအောင်ကြည့်နေတာ"