(5)

3.4K 64 0
                                    

Uni

ညဘက် သောက်ပြီး အိပ်ထားတာကြောင့် မနက် နိုးလာတော့ ခေါင်းကိုက်နေပါတယ်

"ချို...ဘယ်အချိန် ရှိပြီလဲ"

မျက်လုံးဖွင့်ကြည့်လိုက်တော့ ဘေးနားမှာ ဘယ်သူမှ မရှိမှ ကျွန်တော် တစ်ယောက်တည်း ဖြစ်သွားပြီဆိုတာ သတိပြန်ဝင်လာပါတယ်
ခေါင်းကိုက်နေပေမဲ့ Mondayဖြစ်တာကြောင့် အလုပ်သွားဖို့ လူးလဲ ထလိုက်ပါတယ်
ရေချိုးပြင်ဆင်ပြီးချိန်မှာတော့ မနက် ၇နာရီခွဲပဲ ရှိပါသေးတယ်
အိမ်မှာလည်း မနက်စာစီစဥ်ထားတာ မရှိတာကြောင့် ရုံးနားမှာပဲ စားမယ်ဆိုပြီး အိမ်က စောစောပဲ ထွက်လာလိုက်ပါတယ်
လမ်းလျှောက်နေရတာလည်း ခြေထောက်နဲ့ မြေကြီးထိမထိတောင် မသိလောက်အောင်ပဲ စိတ်တွေ ထွေပြားနေပါတယ်

ရုံးနားက ဆိုင်ရောက်တော့ မနက်စာ မစားလို့ မဖြစ်တာမို့ ဝင်ထိုင်လိုက်ပါတယ်
ကော်ဖီ တစ်ခွက်နဲ့ ဟမ်ဘာဂါ ဝယ်ပြီး စားပွဲမှာ ဝင်ထိုင်လိုက်ပါတယ်
ဘာမှမစားဖြစ်သေးဘဲ စားစရာတွေကိုပဲ ထိုင်ကြည့်နေမိတုန်းမှာပဲ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က လာနှုတ်ဆက်ပါတယ်

"အမျိုးသမီးနဲ့အတူတူ မနက်စာမစားလာဘူးလား"

"ဟုတ်တယ် အခုမှ စားမလို့"

"မိန်းမနဲ့တူတူ စားခဲ့တာ မဟုတ်ဘူး
ကျွန်တော်တို့ဆို အတူတူစားစရာ မိန်းမတောင် မရှိသေးလို့ အားကျနေရတာ"

"ဘာအားကျစရာ ရှိလို့လဲ"

"ရှိတာပေါ့ တစ်ယောက်တည်း ရေခြားမြေခြားမှာ FAဘဝနဲ့ ဘယ်သူ့အတွက်မှန်းမသိ ပိုက်ဆံရှာနေရတဲ့ဘဝထက် တစ်ယောက်သောသူနဲ့ အတူတူ ဘဝကို ရင်ဆိုင် ဖြတ်သန်းနေရတာ ဘယ်လောက်ကောင်းလဲ"

"ဟင်..... ဟုတ်လား"

"ဟာ....အစ်ကိုကလည်း ဒီနေ့ ဘာဖြစ်နေတာလဲ"

စကားပြောနေတုန်း သူ့ဖုန်းမြည်လာတာကြောင့် ထွက်သွားပါတယ်
ကျွန်တော် တစ်ယောက်တည်းပဲ မနက်စာကို ဆက်စားလိုက်ပါတယ်

ရုံးထဲရောက်တော့ Juniorတွေက ဒီနေ့ ဘာလုပ်ရမလဲ လာမေးကြပါတယ်
ကျွန်တော် ဒီနေ့ ဘာလုပ်ရမလဲဆိုတာကို စဥ်းစားလို့ ထွက်မလာပါဘူး

ချစ်ရပါသော ......❤Where stories live. Discover now