Uni
ည၈နာရီ ထိုးတဲ့အထိ ကလေးမ ပြန်မလာသေးပါဘူး
ဖုန်းဆက်တာလည်း မကိုင်ဘူး
ဘယ်သွားရှာရမှန်းလည်း မသိ သူ့သူငယ်ချင်းတွေ လိပ်စာနဲ့ ဖုန်းနံပါတ်လည်း မသိပါဘူး
သူ့အဖေက ကိုယ့်ကို ယုံကြည်စိတ်ချပြီး ထားခဲ့ကာမှ တစ်ခုခုဖြစ်ရင် မိုးမီးလောင်တော့မယ်Ring.....Ring
"ဟယ်လို အမေ"
"အေး သား အိမ်မှာလား"
"ဟုတ်တယ် အမေ
ဘာဖြစ်လို့လဲ""မီးလေး အမေတို့အိမ်မှာ အိပ်ပျော်နေတယ်
သားကို ညအိပ်မယ်လို့ ပြောခဲ့လား""မပြောဘူး အမေ
သား လာခဲ့မယ် ""အေး...နေ့ခင်းက လာတော့ မင်း အလုပ်သွားတယ်ဆိုလို့ အပြန်လာဝင်ခေါ်မယ် ထင်နေတာ"
"ဟုတ်...ဟုတ် အမေ
ကျွန်တော် အခု ထွက်လာပြီ
သူ နိုးလာရင်လည်း ဘယ်မှ မသွားစေနဲ့ စောင့်ခိုင်းထားပေးပါနော်""အေး... "
ကျွန်တော် ကားသော့ ယူပြီး အောက်ထပ်ကို မြန်မြန် ဆင်းလာပါတယ်
အောက်ထပ်မှာ ဒေါ်ကြီးတို့ လင်မယားကို တွေ့တော့"ကျွန်တော် အမေတို့အိမ် သွားလိုက်ဦးမယ်
မီးလေး အဲဒီရောက်နေလို့""သြော်...ဟုတ်ကဲ့"
ဒေါ်ကြီးတို့က ကျွန်တော့်ကို မကြည်တဲ့မျက်နှာထားနဲ့ ကြည့်နေပါတယ်
ကျွန်တော်က ကလေးကို အနိုင်ကျင့်တယ်လို့ ထင်နေပုံပါပဲ
သူတို့လည်း မီးလေးထွက်သွားကတည်းက စိတ်ပူနေတာ အခု အမေတို့အိမ်မှာဆိုမှ စိတ်အေး သွားပုံပါပဲဦးကြီးက ကျွန်တော့်ကို ခြံတံခါးလိုက်ဖွင့်ပေးပါတယ်
"ကျွန်တော် ပြန်မလာဖြစ်ရင် ဖုန်းဆက်လိုက်မယ်နော်
တံခါး ပြန်ပိတ်ထားလိုက်""ဟုတ်ကဲ့"
ကျွန်တော် ရောက်ချင်ဇောကြီးနေခါမှ ကားတွေကလည်း ညဘက်တောင် ပိတ်နေပါတယ်
လမ်းပေါ်မှာတင် တစ်နာရီလောက် ကြာသွားပါတယ်အမေတို့အိမ်ရောက်တော့ ကားရပ်ပြီးတာနဲ့ အိမ်ထဲ ပြေးဝင်သွားမိပါတယ်