Uni
ချို အဖေ့ရက်လည်အလှူအတွက် လိုအပ်တာတွေ ဝယ်ပြီး လေးလံတဲ့ ခြေလှမ်းတွေနဲ့ ပြန်လာခဲ့တယ်
"သမီး ပြန်လာပြီလား"
"ဟုတ်ကဲ့ ဒေါ်လေး အမေရော"
"သမီးအမေ အိပ်နေပြီ"
"သြော် ဟုတ်ကဲ့"
"သမီး ထမင်းစားပြီးပြီလား"
"ဟုတ်ကဲ့ အပြင်မှာ စားလာခဲ့ပါပြီ"
"အေး ဒါဆိုလည်း နားလိုက်ဦးလေ"
"ဟုတ်ကဲ့ ဒေါ်လေး"
ချို အခန်းထဲ ဝင်လိုက်တော့ အိပ်ပျော်နေတဲ့အမေကို တွေ့ပါတယ်
အဖေ့ကို ရက်ပေါင်းများစွာ ပြုစုထားရလို့ အမေလည်း အတော်ပင်ပန်းနေပါပြီ
အခု အဖေ မရှိတော့ဘူးဆိုတော့ စိတ်လျော့ချလိုက်လို့ အမေ ပုံကျသွားသလိုပါပဲ
အဖေ့ကိုသာ ပြုစုနေရပေမဲ့ အမေကိုယ်တိုင်လည်း ကျန်းမာရေး သိပ်မကောင်းပါဘူး
အမေ့ကို ကြည့်ရင်း ချို အဖြစ်အပျက်တွေကို ပြန်တွေးနေမိပါတယ်လွန်ခဲ့တဲ့ လေးလလောက်က
ချို့အလုပ်ချိန်မှာ အမေ ဖုန်းဆက်လာပါတယ်
ပုံမှန်ဆိုရင် အမေက စပြီး ဖုန်းဆက်လေ့မရှိပါဘူး"ဟယ်လို အမေ"
"အင်း သမီး
အမေ ပြောစရာရှိလို့""ဟုတ်ကဲ့ အမေ ပြောပါ"
"ဟို...."
"အမေ ပြောပါ သမီး စိတ်ပူလိုက်တာ
ဘာဖြစ်လို့လဲ ဟင်""အမေက ဘာမှမဖြစ်ဘူး
သမီးအဖေ နေမကောင်းလို့""ဟုတ်လား ဘာဖြစ်တာလဲ"
"အင်း.... ချောင်းဆိုးရင် သွေးပါနေတာ ကြာနေလို့ အခု ရန်ကုန်မှာ ဆေးခန်းလာပြတာ
ဟင့်.....သမီးရယ်.....ဟင့်""အမေ အဖေက ဘာဖြစ်တာလဲ စိုးရိမ်ရလို့လား"
"သမီးအဖေက အဆုတ်ကင်ဆာ ဖြစ်နေတာတဲ့
ဟင့်..ဟင့်""အမေရယ် မငိုပါနဲ့
အဖေ့အတွက် အားတင်းထားရမှာပေါ့
ဆရာဝန်က ဘာပြောလဲ
ကုသလို့ ရနိုင်သေးတယ်မလား""ဆရာဝန်ကတော့ အသက်ကြီးပြီဆိုတော့ ပြန်ကောင်းဖို့ သိပ်မလွယ်ဘူးတဲ့
ဒါပေမဲ့လည်း သမီးရယ် ....."