(13)

2.3K 52 3
                                    

Uni

ဒီနေ့ ပိတ်ရက်မို့ အေးဆေးအိပ်မယ် စိတ်ကူးခါမှ ဟိုကလေးမ စောစောစီးစီး ထနေပါတယ်
ကျွန်တော်လည်း အိပ်ချင်မူးတူးနဲ့ မျက်လုံးဖွင့်ကြည့်တော့ တီရှပ်နဲ့ ကြိုးသိုင်းဘောင်းဘီအတိုလေး ဝတ်ထားပြီး အပြင်သွားမဲ့ပုံပါပဲ

"ကလေး ဘယ်သွားမလို့လဲ"

"ကစားကွင်းလေ"

"အစောကြီးရှိသေးတယ် ကစားကွင်းက ၁၀နါရီလောက်မှ ဖွင့်မှာပေါ့"

"ကစားကွင်းမသွားခင် Church ဝင်ဦးမှာ"

"ဒီနေ့က စနေနေ့လေ တနင်္ဂနွေနေ့မှ မဟုတ်တာ ဘုရားကျောင်း ဘာသွားလုပ်မှာလဲ"

"ဟာ....ဦးကလည်း....
ဘုရားရှိခိုးဖို့ သွားမှာမှ မဟုတ်တာ
အလည်သွားကြည့်တာလေ"

"မင်းက ဗုဒ္ဓဘာသာဝင်မလား
သူများ ဘုရားကျောင်း ဘာသွားလုပ်မှာလဲ"

"ဟာ....အလည်ပါဆို
ဦး အိပ်မှာသာ ဆက်အိပ်ပါ
သွားတော့မယ်"

"နေဦး
မင်း ဝတ်ထားတဲ့ ဘောင်းဘီက မတိုလွန်းဘူးလား"

"တိုပေမဲ့ ဘောင်းဘီပဲ ဘာမှမဖြစ်ပါဘူး"

"ဘုရားကျောင်း သွားမယ်ဆိုလို့ ပြောတာပါ "

"ဘုရားကျောင်းထဲဝင်ရင် ဒီပုဝါအရှည်လေး ပတ်ထားမယ်လေ"

"ငါ့အတွက် မနက်စာကရော...."

"ဒီနေ့တော့ ကိုယ့်ပါကိုယ် မှာစားလိုက်ပါ ဦးရယ်....နော်"

"အင်းပါ"

"သွားပြီနော်...တာ့တာ"

ကလေးမ ခုန်ပေါက်ပြီး ထွက်သွားပါတယ်

ကျွန်တော်လည်း တစ်နေ့လုံး ပျင်းနေတာနဲ့ ရုပ်ရှင်ထိုင်ကြည့်နေပါတယ်

ညနေစာ စားပြီးလို့ ည၈နာရီ ထိုးတာတောင် ကလေးမ ပြန်မလာသေးပါဘူး
ဖုန်းလည်း မထည့်ပေးလိုက်ရလို့ ဆက်သွယ်လို့လည်း မရပါဘူး
တစ်ခုခု ဖြစ်နေရင် ဒုက္ခဆိုပြီး စိတ်ပူလာပါတယ်
ကျွန်တော် မနေနိုင်တော့ဘဲ တိုက်အောက် ဆင်းစောင့်မယ်ဆိုပြီး အိမ်တံခါး ဖွင့်လိုက်တဲ့အချိန်မှာ

"ဦး....မီး ပြန်လာတာ သိနေတာလား "

"ဘယ်လိုလုပ်သိမှာလဲ"

ချစ်ရပါသော ......❤Where stories live. Discover now