Uni
မနေ့ညက ညဥ့်နက်မှ အိပ်ပျော်တာကြောင့် ဒီနေ့မနက် နိုးလာပေမဲ့ မျက်လုံးတွေ ကျိန်းစပ်ပြီး မဖွင့်ချင်ပါဘူး
မျက်လုံးကို အားယူဖွင့်ပြီး နာရီကို ကြည့်လိုက်တော့ ၇နာရီခွဲနေပါပြီ
ချိုကတော့ မှန်ရှေ့မှာ အလုပ်သွားဖို့ အဆင်သင့်ပြင်ဆင်နေရင်း"မောင် ထတော့
အလုပ်နောက်ကျတော့မယ် breakfastပြင်ထားပေးတယ်""အင်း....ထမယ်
မျက်လုံးကို မဖွင့်ချင်ဘူး""ကိုယ့်ဒုက္ခ ကိုယ်ရှာတာကိုး
လက်လည်း ယောင်နေတယ်ထင်တယ် ဆေးလိမ်းသွားဦး""ချိုက သွားတော့မလို့လား"
"ဟုတ်တယ်"
ချို ပြောပြီးတာနဲ့ အခန်းအပြင်ဘက်ထွက်သွားပါတယ်
ကျွန်တော်လည်း လူးလဲထပြီး ရေချိုး အဝတ်အစားဝတ်ပြီး ရုံးသွားဖို့ ပြင်ဆင်ပါတော့တယ်
ချို ပြင်ပေးထားတဲ့ မနက်စာစားရင်း ဒီနေ့မနက် ချို့ဆက်ဆံပုံကို ကြည့်ပြီး ပုံမှန်ပြန်ဖြစ်သွားပြီလို့ တွေးနေမိတယ်မနက်စာစားပြီးတာနဲ့ သိပ်စိတ်ကူးယဥ်နေဖို့ အချိန်မရဘဲ မြန်မြန်အိမ်ကထွက်ပြီး အလုပ်ပြေးရပါတယ်
ပုံမှန်ရုံးသွားချိန်ထက် အနည်းငယ် နောက်ကျနေတာကြောင့် ရုံးမရောက်ခင် လမ်းမှာတင်ပဲ အလုပ်ဖုန်းတွေ ဝင်လာပါတော့တယ်တစ်နေကုန် အလုပ်ရှုပ်နေပြီး နေ့လည်စာတောင် ဘယ်လိုဝင်သွားမှန်း မသိလိုက်ပါဘူး
ညနေအိမ်ပြန်ရောက်ချိန်မှာတော့"ချို...အစောကြီး ပြန်ရောက်နေတာလား"
"နာရီလည်း ကြည့်လိုက်ဦး"
နာရီက ည၉နာရီကို ပြနေပါပြီ
"ချို ဘာတွေလုပ်နေတာလဲ
ခရီးသွားမလို့လား"အထုပ်အပိုးပြင်နေတဲ့ ချို့ကို ကြည့်ပြီး မေးလိုက်မိတယ်
"မနေ့က ပြောထားတဲ့ကိစ္စလေ အဲဒါအတွက် အခုကတည်းက ပြင်ဆင်နေတာ"
"ဟာ...ချိုကလည်း မပြီးသေးဘူးလား အဲ့ကိစ္စက...."
"ဘာကို ပြီးရမှာလဲ အချိန်တစ်ပတ်ပေးထားတယ်လေ"