(8)

2.7K 58 0
                                    

Uni

"ဒေါက်....ဒေါက်"

"သား.....ရှိန်းနေခ
အိပ်နေတာလား"

"မအိပ်ဘူး အဖေ
ဝင်ခဲ့ရတယ်"

"မင်းကို ဦးမင်းဆက်က သူ့အိမ်လာတွေ့ပါတဲ့ ဖုန်းဆက်တယ်"

"ဟုတ်လား
2nd Interviewပါပြီ ထင်တယ်"

"မင်း ပြောတော့ အဆင်မပြေလောက်ဘူးဆို"

"အင်း....မသိဘူးလေ
အဖေကလည်း ဒါလေးပြောဖို့များ လာပြောနေရသေးတယ်
ပြီးမှ ဆင်းလာမှ ပြောလည်း ရတာပဲ"

"သူက နေ့လည် ၁နာရီ လာခိုင်းတာ
မင်းက ဘယ်အချိန်ဆင်းလာမယ်မှန်း မသိဘဲ
အခု ၁၁နာရီထိုးနေပြီ
ထမင်း စားဖို့ အောက်ကြွပါ
ပြီးရင် သွားတော့"

"ဟုတ်....ဟုတ် အဖေ
လိပ်စာကရော....."

"အောက်ထပ်မှာ လိုက်မှတ်ထားပေးပါတယ် ခင်ဗျာ
သားသမီးတွေများ အသက်ဘယ်လောက်ပဲ ကြီးလာလာ လူကြီးကို ဖြစ်မလာကြဘူး
ဘယ်အချိန်မှ ငါတို့တွေ ပြန်အားကိုးရမှာလဲ"

အဖေ ဗျစ်တောက်ဗျစ်တောက် ပြောပြီး အောက်ဆင်းသွားပါတယ်

ကျွန်တော်လည်း မြန်မြန် လူးလဲထပြီး ရေအရင် ချိုးလိုက်ပါတယ်
ဝတ်စားပြင်ဆင်ပြီးမှ ထမင်းစားဖို့ ဆင်းသွားလိုက်ပါတယ်

"သား....စောပါသေးတယ် အေးဆေးစားသွား"

"ဟုတ်ကဲ့ အမေ"

"မင်းသားက အေးဆေးလွန်းလို့ ခက်နေတာ"

"အဖေကလည်း အလုပ်အင်တာဗျူးမှ မဟုတ်တာ နောက်ကျလည်း ရပါတယ်"

"အလုပ်အင်တာဗျူးထက် ပိုအရေးကြီးတယ်လေ
အလုပ်က တစ်ခုမရရင် တစ်ခုပြန်ရှာလို့ရတယ်"

"အဖေရယ် ဒီကောင်မလေးကို မရရင်ရော ကျွန်တော်က ဘာဖြစ်သွားမှာမို့လို့လဲ"

"မင်းအသက်လည်း ကြည့်ဦး
ဘာမှလည်း အဖြစ်မရှိဘဲနဲ့
မင်းပဲ သူဌေးသားမက် ဖြစ်ချင်တယ်ဆို
နောင်ထပ်သူဌေးရဖို့ဆိုတာ လွယ်မလား"

"တော်ပါတော့ ဖေကြီးရယ်....
စားပါတော့
သားလည်း မြန်မြန်စားပြီး သွားတော့"

"အိမ်ရှေ့က စားပွဲပေါ်မှာ လိပ်စာရေးထားတယ် ဖုန်းနံပါတ်လည်း ပါတယ်
ကားသော့နဲ့ ငါ့ဖုန်းလည်း တင်ထားတယ် ယူသွား"

ချစ်ရပါသော ......❤Where stories live. Discover now