Uni
"ဦး မနေ့ညက ဘယ်အချိန် အခန်းထဲ ဝင်သွားတာလဲ
မသိလိုက်ဘူး""မင်း အိပ်ပျော်နေတာလေ
ဘယ်သိမလဲ
နေ့ခင်း အိပ်ထားတယ်ဆိုပြီး အိပ်နေလိုက်တာ""ဟီး..😁"
"ဦး ရုံးသွားတော့မယ်"
"မီးလည်း အောက်ကို လိုက်ခဲ့မယ်"
"ဘာလိုက်လုပ်မှာလဲ"
"ဦးကလည်း....မုန့်လိုက်ဝယ်မလို့ပါ"
"စားလည်း စားတဲ့မုန့်"
ဓာတ်လှေကားစောင့်နေတုန်း
"မမ"
"ဟာ မစ်ကီ"
ကလေးလေးတစ်ယောက်က လာနှုတ်ဆက်ပါတယ်
"မမ ဘယ်သွားမလို့လဲ"
"မုန့်ဆင်းဝယ်မလို့"
ကလေးလေးနောက်ကနေ ကလေးအမေ ရောက်လာပါတယ်
"သားကလည်း ဘာလို့ ပြေးတာလဲ
မေမေ့ကို မစောင့်ဘူး""မမကို တွေ့လို့"
"သြော်.... သမီး
ဘယ်သွားမလို့လဲ""အောက်မှာ မုန့်သွားဝယ်မလို့
ဦး.....ဒီအန်တီတို့က အပေါ်ဆုံးထပ်မှာနေတာ""သြော်....ဟုတ်ကဲ့
တွေ့ရတာဝမ်းသာပါတယ် ""ဝမ်းသာပါတယ်
အစ်မက မောင်လေးကိုတော့ မြင်ဖူးတယ်
မီးလေးကိုတော့ မနေ့ကမှ တွေ့ဖူးတာ""ဟုတ်တယ် သူက ဒီလာလည်တာ မကြာသေးဘူး "
"အင်း....တူမလေး ထင်တယ်
သွက်သွက်လက်လက်နဲ့ ချစ်စရာလေး ""သြော်...အင်း....
ဓာတ်လှေကား လာပြီ သွားတော့မယ်နော်""မမ ပြန်တက်လာခဲ့မယ်"
"ဟုတ်ကဲ့ မမ"
ကျွန်တော် ဒီတိုက်မှာ နေတာ ကြာပြီ
ဘယ်အထပ်မှာ ဘယ်သူနေမှန်း မသိပါဘူး
သူကတော့ ရောက်တာမှ နှစ်ရက်တစ်ပိုင်းပဲ ရှိသေးတယ်
အကုန်သိနေပါတယ်"မင်း သူတို့နဲ့ ဘယ်လို သိတာလဲ"
"မနေ့က မုန့်ထွက်ဝယ်ရင်း သိတာ
ဦး ဒီတိုက်မှာ လူပျိုလုပ်လို့ မရတော့ဘူး 😁"