Uni
ကျွန်တော် အခန်းတံခါးဖွင့် ဝင်လိုက်တော့ မီးလေး အခန်းထဲမှာလည်း ရှိမနေပါဘူး
ဒါပေမဲ့ ကျွန်တော့်ပုံတူ ပန်းချီကားများ ပုံစံအမျိုးမျိုး အရွယ်အစားအမျိုးမျိုးနဲ့ ရှိနေပါတယ်
ကျွန်တော် ဒီအခန်းထဲကို တစ်ခါမှ မဝင်ဖူးလို့ မသိခဲ့ပါဘူးကျွန်တော် မော်ဒယ်ထိုင်ပေးထားတာမျိုး ဓာတ်ပုံရိုက်ထားတာမျိုး မရှိဘဲ ပုံစံအမျိုးမျိုးနဲ့ ကျွန်တော့်ပုံရိပ်တွေက ကလေးစိတ်ထဲမှာ ဘယ်လောက်စွဲထင်နေလဲဆိုတာ သိသာပါတယ်
ပန်းချီကားတစ်ချပ်ချင်းစီမှာ ဆွဲတဲ့ရက်စွဲလေးတွေ ရေးထားပါတယ်
အစောဆုံးရက်စွဲလေးကတော့ ကျွန်တော်တို့ပထမဆုံး စတွေ့တဲ့နေ့ပါပဲအဲဒါဆို ကလေးက ကျွန်တော့်ကို စတွေ့ကတည်းက ချစ်ခဲ့တာပေါ့
ကလေး ကျွန်တော့်ကို ချစ်တယ်လို့ ပြောခဲ့တာတွေကို ကျွန်တော် ပေါ့ပေါ့ပဲ တွေးခဲ့မိတယ်
ကျွန်တော်နဲ့သားလေးအတူရှိနေတဲ့ ပုံလေးတွေပါ ဆွဲထားပါတယ်
Canvas standရဲ့ ထောင့်လေးမှာ စာရွက်လေးတစ်ရွက် ကပ်ထားပါတယ်
ဦး မီးကို ချစ်လာတဲ့နေ့မှ မီးနဲ့ဦးရဲ့ ပုံတူကို ဆွဲမယ်
ကျွန်တော် ပန်းချီကားတွေကို ကြည့်ပြီး မျက်ရည်ဝဲမိပါတယ်
"ဖေဖေ ဘာလုပ်နေတာလဲ
မေမေ့ကို ရှာပေး""အေးပါ သားရယ်
ဖေဖေ ဖုန်းဆက်ကြည့်ပေးမယ်နော်""အင်း..."
ကျွန်တော် အရုပ်ကလေးတွေကို ကြည့်လိုက်မိတယ်
ကျွန်တော် ဝယ်ပေးထားတဲ့အရုပ်တွေကို သပ်သပ်ခွဲထားပါတယ်
အရုပ်လေးတွေအနား သွားလိုကတော့"ဖေဖေ မေမေကလေးက အဲဒီ့အရုပ်တွေကို မကိုင်ရဘူးတဲ့"
"ဟုတ်လား"
"ဟုတ်တယ်
သားသားကို တခြားအရုပ်တွေနဲ့ပဲ ကစားခိုင်းတယ်""အေးပါ သားရယ်
ဖေဖေတို့ ဖုန်းသွားဆက်ကြမယ်နော်"ကျွန်တော် အိပ်ခန်း ပြန်လာပြီး ဖုန်းဆက်ကြည့်ပါတယ်
ဖုန်းစက်ပိတ်ထားတယ်ပဲ ဖြေပါတယ်
အခန်းထဲက အဝတ်အစားဗီဒိုကို ဖွင့်ကြည့်လိုက်တယ်
ဘာမှခြေရာလက်ရာမပျက်ပါဘူး